ရှေ့တော်ပြေး
ပေရဟေရ-လှည့်လှည်ခြင်း
ဒါယကာမိသားစုမှပင့်ဆောင်-၁
ဒါယကာမိသားစုမှပင့်ဆောင်-၂
ဆရာတော်များအား ပင့်ဆောင်ခြင်း
ကထိန်ခင်းရန်ဝတ်ပိုင်းလွှာ
တုံ-တုံ- တုံတုံ- တုံ-တုံ ဖြင့် မနက် ၃း၃၀ ခန့်ကတည်းက ကြားရသည်။ မနက်ဖြန် ကထိန်ခင်းမည်ဖြစ်သဖြင့် ပေရဟေရခေါ် ကထိန်သင်္ကန်းလှည့်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ မိမိလှူဒါန်းမည့် သင်္ကန်းကို အဆောင်အယောင် အတီးအမှုတ်များဖြင့် လမ်းစဉ်လှည့်ပြီး သဒ္ဓါတူမျှ အတူတကွ ပါလိုသူများလည်း လှူဒါန်းလိုက် နိုင်သည်ဟုဆိုကြသည်။ မနက်လင်းအားကြီး ၆း၀၀ နာရီခန့်တွင်တော့ ကထိန်ခင်းမည့်ကျောင်းတိုက် သိမ်တော်ရှိရာသို့ ရောက်လာကြပါပြီ။ ရှေ့မှ စက်ဘီးငါးစီးခန့်က ပန်းပွင့်သစ်ပင်များကို ကိုင်ပြီး ရှေ့ပြေးသွား။ ထို့နောက်တွင် မီးကွင်းအက ပညာရှင်များ၊ အတီးအမှုတ် ပညာရှင်များ လိုက်ပါလာကြသည်။ ကန်ဒီယမ်အကခေါ် ရိုးရာအက ကကြသူများကတော့ ကထိန်သင်္ကန်းရှေ့ကနေပြီး ကြိုဆိုသယောင် ပင့်ဆောင်သယောင်ဖြင့် တချွင်ချွင်ကလျက် ရှိကြသည်။ ကထိန်ဒါယကာက ဘုရင့်အဆောင်အယောင်ကို ၀တ်ဆင်ပြီး သင်္ကန်းတော်ကို လက်နှက်ဖက်ဖြင့် ရိုသေစွာ ကိုင်ရင်း ကထိန်အမက နောက်မှနေပြီး ဖြေးညှင်းစွာ လျောက်နေကြတော့သည်။ ကထိန် သင်္ကန်းနှင့်တကွ ဒါယကာ ဒါယိကာမကို လူခြောက်ယောက်ကိုင်ထားသည့် အ၀ါရောင်ပိတ်စဖြင့် မိုးပေးရင်း ရွေ့လျားနေကြသည်။ လူစုလူဝေး လူဖြူအုပ်ကြီးကလည်း လမ်းဘေးဝဲယာမှာ ရပ်ကြည့်ရင်း မိမိအနားရောက်လာသည့် ကထိန်သင်္ကန်းကို လက်ကလေးနဲ့တို့ လက်အုပ်ကလေးပြန်ချီ လုပ်နေကြပေသည်။
သိမ်တော်အနီးရောက်တော့ ကန်ဒီယန်အကပညာရှင်များက ကျွမ်းထိုးအက လှည့်ပတ်အကများဖြင့် တဦးချင်းစွမ်းရည် အဖွဲ့လိုက်စွမ်းရည်ဖြင့် ကပြပြီးနောက် သိမ်တော်ထဲသို့ ကထိန်သင်္ကန်းကို ပင့်ဆောင်စေလိုက်တော့သည်။
မကြာမီတွင် ဆရာတော်သံဃာတော်များ ပင့်ဆောင်ပြီး သီလယူကြသည်။ ထို့နောက် ကထိန်အ၀တ်ပိုင်းကို ဖြန့်ကာ လူထုထဲရောက်နိုင်သမျှ ရောက်အောင် ဆန့်တန်းပြီး ကထိန်သင်္ကန်းကို သက်တော်ကြီးမား ဆရာတော်ဘုရားအား ဆက်ကပ်တော့သည်။
“ဣမံ ကထိနဒုဿံ ဘိက္ခုသံဃဿ ဒေမ၊
ဣမံ ကထိနဒုဿံ ဘိက္ခုသံဃဿ ဒေမ၊
ဣမံ ကထိနဒုဿံ ဘိက္ခုသံဃဿ ဒေမ”
ဤကထိန်သင်္ကန်းဝတ်ပိုင်းလွှာကို ရဟန်းသံဃာအပေါင်းအား ပေးလှူပါ၏။ သုံးကြိမ်ဆိုပြီး ကပ်လှူကြပြီး
ဆရာတော်ဘုရားမှ အနုမောဒနာတရား ချီးမြှင့်ပြီး အခမ်းအနား ပြီးဆုံးခဲ့တော့သည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။