လူအဖြစ် ပဋိသန္ဓေနေခဲ့ပြီးပြီဆိုလျင် သာမန်အားဖြင့် အိုခြင်းသဘောကို ရင်ဆိုင်ကြရမှာမဟုတ်လား။ ငယ်ရွယ်တဲ့ မိမိတို့အဖို့ အိုသွားမယ့် အကြောင်းဆို တွေးကို မတွေးချင်ပါဘူး။ နည်းနည်းတွေးလိုက်ရင် နည်းနည်း ပိုအိုသွားသလိုပဲ။
တရားဓမ္မတွေ ဖတ်တဲ့အခါတော့လည်း တဖြေးဖြေး ချင်းနင်းဝင်ရောက်လာတော့မယ့် အိုခြင်း ဇရာကို လက်ခံရပါတော့တယ်။ တဖြေးဖြေး ငါတို့တတွေ အိုမင်းကြရဦးမယ်။ မှန်တယ်...။ အခုတော့ မအိုသေးဖူး။
ဘာလုပ်သင့်လဲ။
တားဆီးမယ်....။ ဖြစ်နိုင်ပါ့မလား...။
မအိုတဲ့နေရာရှာမယ်.....။ တွေ့မယ်မထင်.....(တရားတော်အရဆိုရင် မရှိ)။
ပြင်ဆင်မယ်......။ မအိုအောင်တော့မဟုတ်။ အိုလာရင် အသက်ကြီးလာရင် စိတ်အေးရအောင်လို့ပေါ့။
ဟုတ်ပြီ။
ဓမ္မဘက်လှည့်ကြည့်မယ်....။ ဘုရားရှင်ဘာတွေ လမ်းညွှန်ခဲ့သလဲပေါ့။
စက္ခုပါလ ၀တ္ထုထဲမှာ.....
“ဇရာဖြင့် ဆွေးမြေ့ယိုယွင်း အိုမင်းလာရင် လက်တွေ ခြေတွေက ကိုယ့်အလို မပါတော့ပါဘူး။
အားအင်ကုန်ခမ်းလာတဲ့လူအိုဟာ ဘယ်လိုလုပ် တရားကျင့်နိုင်မှာလဲ” တဲ့။
ဒီဒေသနာ အလိုဆိုရင်တော့ အအို မဦးခင် တရားတခုခု လက်ဆုပ်လက်ကိုင် ရနိုင်အောင် ကျင့်ရုံပဲပေါ့။
အခြား ၀တ္ထုတော် တခုထဲမှာ....
ငယ်ရွယ်ချိန်မှာ တရားမကျင့်ပဲ၊ မရသေးတဲ့ စိမ်းစိမ်ဥစ္စာရလာအောင် ရပြီးသားထိမ်းသိမ်းထားနိုင်တဲ့အနေအထား ရှိချိန်မှာ ပစ္စည်းဥစ္စာ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင်
အသက်ကြီးသည့်အခါ.....
ရေကုန် ငါးပျောက် ခမ်းခြောက်တော့မယ့် ရေအိုင်နားက ကြိုကြာအိုကြီးလို မှိုင်နေရလိမ့်မယ်”တဲ့။
ဒီဒေသနာအလိုဆိုရင်တော့ အအို မဦးခင် ဓမ္မရော ဓနရော လက်ဆုပ်လက်ကိုင် ရအောင် လုပ်ရုံပဲပေါ့။
ဆရာတော်တွေရဲ့ သြ၀ါဒထဲမှာ....
“မအိုတော့ ဟန်၊ မနာမယ့်ပုံ ရှာပုံဓန ပြည့်ဝကုံလုံ။
အိုတော့မည့်ဟန် နာတော့မည့်ပုံ ရှာကုန်ဓမ္မ ပြည့်ဝ လုံးစုံ”
ပစ္စည်းဥစ္စာ ရှာချိန်မှာ မအိုတော့တဲ့ လူတယောက်၊ မနာတော့မယ့် လူတယောက်လို ရှာပါတဲ့။
တရားဓမ္မရှာချိန်မှာတော့ အခုပဲ အိုသွားတော့မလို၊ အခုပဲ နာသွားတော့မယ့်ဟန်နဲ့ အပြင်းအားထုတ်ပါတဲ့။
မိမိ မြို့ကို စာသင်တက်တော့မယ် လုပ်တော့ ကျေးလက်က လက်ဦးဆရာက ဗလာစာအုပ် တအုပ်၊ ကဗျာတပုဒ်၊ ဖေါင်တိန် တချောင်း၊ ငွေ ၃၀၀ ကျပ်ရယ် ပေးပါတယ်။ အဲဒီထဲမှာ ကဗျာတပုဒ်က အဖိုးအတန်ဆုံးဖြစ်ခဲ့ပါတယ်။ ကဗျာလေးက-
“လောကကျနှိုက်တွင်
ပျားနှင့် ယင်ကို
မျက်မြင်ပုံထား
မောင်ရှုစားလော့။
ပျားကားအုံပြု
အရည်စု၍
ထားမှုလိမ္မာ
နောင်ချမ်းသာ၏။
ယင်မှာသော်တုံ
ဝမ်းဝရုံမှ
အုံကာသောက်စား
စုမထားကြောင့်
ရှာငြားမပြတ်
မရငတ်၏”
ပညာရှာသူအတွက် ပညာပေါ့၊ ဥစ္စာရှာသူအတွက် ဥစ္စာပေါ့။
တဖြေးဖြေး အသက်ကြီးကြရပါဦးမည်။
သို့သော် သဘာဝတရားကို ကြောက်ဖို့ မလိုဟု ပြောလိုပါသည်။
အထက်က နည်းတွေထဲက ကြိုက်မယ် လိုက်မယ် အသုံးဝင်မယ် ထင်ရင်တော့ ကျင့်သုံးစေချင်ပါသည်။
မှတ်ချက်။ ။ အထက်ပါ သြ၀ါဒကို တောင်မြို့ သြ၀ါဒတက်စဉ်က မှတ်သားဖူးခြင်းဖြစ်ပြီး ငယ်ဆရာပေးခဲ့သည့် ဆောင်ပုဒ်ကို ရေးစပ်သူ မသိပါကြောင်း။ ကျေးဇူးရှင် ငယ်ဆရာတော် ဘဒ္ဒန္တမာနိတထေရ် ကိုလည်း ရိုကျိုးလိုက်ပါကြောင်း။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။