သင်္ဃမိတ္တာဗောဓိပင်
ယနေ့သည် သီတင်းဝါလကျွတ်သည့်နေ့ဖြစ်သည်။ ကိုလံဘိုမြို့ နေရာတိုင်းတွင် တရားဟောသံများ လွှမ်းခြုံနေသည်။ ဓမ္မကထိက မထေရ်တို့သည် တရားဟောခါနီး ပါဠိဂါထာများဖြင့် ဘုရားရှိခိုးသံကိုလည်း ကြားရလေ့ရှိသည်။
“၀န္ဒာမိ စေတိယံ သဗ္ဗံ ၊ သဗ္ဗဌာနေ သုပ္ပတိဋ္ဌိတံ။
သာရီရိကာ ဓာတု မဟာဗောဓိံ ၊ ဗုဒ္ဓရူပံ သကလံ သဒါ”
“နေရာတိုင်းတွင် တည်ရှိနေသော ဓာတ်တော်များကိန်းဝပ်ရာ ဘုရားစေတီများ၊ မဟာဗောဓိပင်နှင့် ဘုရားဆင်းတုများအား ကျွန်ုပ်ရှိခိုးပါ၏။”
"I worship all Pagodas that contain the relices, wherever they stand, the Great Bodhi tree and the images of the Buddha"
ထိုသို့ ရှိခိုးသည်ကို စေတိယ၀န္ဒနာ၊ ဗောဓိပင်ဝန္ဒနာဟု ခေါ်သည်။
ထို့နောက်တွင်-
”ကာယေန ၀ါစာ စိတ္တေန၊ ပမာဒေန မယာ ကတံ။
အစ္စယံ ကာမ မေ ဘန္တေ ၊ ဘူရိပည တထာဂတ”
”မြတ်စွာဘုရား... မေ့လျော့စွာ ကိုယ် နှုတ် စိတ် တို့ဖြင့် ပစ်မှားမိသည်ရှိသော် ထိုအပြစ်တို့မှ တပည့်တော်အား ခွင့်လွှတ်တော်မူပါ။”
“Forgive me Bhddha! For any wrongs I have done by deed, word or thought;
Out of my sheer heedlessness; From the infinite to this moment.
ပြစ်မှားခဲ့သည် အပြစ်ဖြစ်ခဲ့သည် ရှိသော် ထိုအပြစ်တို့မှ ကျေပျောက်စေရန်လည်း ဆုတောင်းလေ့ရှိသည်။
ဆင်ဟာလီလူမျိုးတို့၏ ရိုးရာတွင် (၁) စွယ်တော် (၂) ဆံတော် (၃) ဗောဓိပင် (၄) စေတီများသည် မွန်မြတ်သည့် နေရာများ အရိုအသေပြုရမည့် အရာများဖြစ်သည်ဟု (lanka, the land of king) စာအုပ်ကဆိုသည်။
ထိုအနက် မဟာဗောဓိပင်သည် အသောကမင်း၏ သမီးတော် သင်္ဃမိတ္တာထေရီမက မဟာဗောဓိပင်တောင်ဘက်ကိုင်းကို ပင့်ဆောင်ကာ အနုရာဓပူရမြို့ မဟာဝိဟာရတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းသို့ရောက်လျင် ဗောဓိပူဇာအဖြစ် ဦးစွာ ညောင်ရေအိုးခေါ် အိုးငယ်လေးတွင် ရေဖြည့်ပြီး ၇ ပတ် သို့မဟုတ် သက်စေ့ ညောင်ပင်ကို ပတ်ကာ ပူဇော်ကြသည်။ ထို့နောက်မှသာ ဘုရားစေတီကို ဦးချခြင်း၊ ဘုန်းကြီးကျောင်းသို့ သွားရောက်ခြင်းများပြုကြသည်။ ထိုကြောင့် ဗောဓိညောင်ပင်ကို အလေးထားကြသည်ဟု ဆိုရပေမည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။