ယနေ့ သြဂုတ်လ ၁ ရက်တွင် မြန်မာပြည်တွင် ငါးထောင်ကျပ်တန် တရားဝင်သုံးစွဲမည်ဟု သိရသည်။ ထိုအခါတွင် စိတ်ကူးတို့က ငွေကြေးတွေဆီ ရောက်သွားပြန်သည်။ ငွေကြေး- ငွေကြေး။ လူတွေအတွက် သယ်ဆောင်ရ လွယ်ကူစေရန် ရောင်းဝယ်မှု လျင်မြန်စေရန် အသုံးပြုကြသည်။ ယခုခေတ်တွင်တော့ ငွေစက္ကူအစား ချက်လက်မှတ် ခရစ်ကတ်တို့ ခေတ်စားလာသည်။ သို့သော် ငွေကြေးအနုတ် အကြွေတို့ကိုကား ပစ်ပယ်လို့ မရ။
ထိုငွေကြေးပေါ်တွင် ဘာသာရေးအမှတ်တံဆိပ်တို့ ခပ်နှိပ်ကြသည်။ မြန်မာပြည်တွင် ဂျပန်စက္ကူ ခေါ် ဂျပန်ခေတ်သုံး ငွေကြေးတွင် ဘာသာရေးအမှတ်တံဆိပ်တို့ ပုံနှိပ်ခဲ့ဖူးသည်။ သီရိလင်္ကာတွင်တော့ ယနေ့ထိထိုင် ပုံနှိပ်လျက် သုံးနေကြဆဲဖြစ်သည်။ ဗဟုသုတဖြစ်စေရန် ပုံများတင်ထားလိုက်ပါသည်။
သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် ၂၀၀၀တန်၊ ၁၅၀၀တန် နှင့် ၅ရူပီးတန် အကြွေစေ့များ။ ၅ရူပီးကတော့ ယနေ့တိုင် သုံးစွဲနေပြီး ၂၀၀၀တန် ရွှေဒင်္ဂါးကို ၀ယ်လိုလျင် ၇၀၀၀၊ ၁၅၀၀တန် ငွေဒင်္ဂါးကိုဝယ်လိုလျင် ၅၀၀၀ရူပီးစီ ကျသင့်သည်။
၅ ရူပီး
စွယ်တော်ကျောင်းပါသည့် ၁၀ ရူပီး ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့ရာ ၁၉၉၈ ခုနှစ်သည် နှစ်ငါးဆယ်မြောက် ရွှေရတုဖြစ်ပေသည်။
လွတ်လပ်ရေး ၂၀၀-A
လွတ်လပ်ရေး ၂၀၀ B
ဒီ ၂၀၀ တန် ပုံ နှစ်ပုံကို coins.lakdiva.org/commemorative/1998_independ မှ ကူးယူထားသည်။
စွယ်တော်ကျောင်း နှင့် ၁၀ ရူပီး
ထူပါရုံ- ဇေတ၀န်ဘုရားပါသည့် ၅၀
စွယ်တော်ကြုတ်ပါသည့် ၁၀၀
အဘယဂိရီစေတီတော် ၅၀၀
စွယ်တော်ကျောင်းနှင့် စွယ်တော်ပင့်ဆင် ပါသည့် ၁၀၀၀
စွယ်တော်လှည့်ပုံ၊ အစေလပေရဟေရအထိမ်းအမှတ် ယပ်တောင်ပါသည့် ၂၀၀၀
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။