ဝေစက်ပွဲရနေ့မှပုံ
ရာသီအချိန်တွေ ရောက်လာပြီဆိုရင် မြန်မာ့ရနံ့ ဓလေ့တို့ကိုတော့ဖြင့် မေ့လို့ မရ။
အခုလည်း တဖြေးဖြေးနှင့် သီတင်းဝါကျွတ်ရန် နီးလာပြီ။
ကိုယ့်စိတ်ကူးနဲ့ကိုယ် လှုပ်လှုပ်ရွရွ ဖြစ်နေကြပေလိမ့်မည်။
မီးပုံးပျံ လွှတ်လိုသူများက ဟန်တပြင်ပြင် ရှိလိမ့်မည်။
လူကြီးမိဘများကို ကန်တော့မည့်သူများက မည်သည့်ပစ္စည်းဖြင့် ကန်တော့ရလျင် ကောင်းမလဲလို့ စဉ်းစားတွေးတောနေပေလိမ့်မည်။
ရဟန်းတော်များ လွတ်လပ်စွာ ခရီးသွားလာခွင့် ရတော့မည်။ သို့သော် နှုတ်ဆက်ပွဲတော့ လုပ်ကြရပေဦးမည်။ ထိုနှုတ်ဆက်ပွဲကား ဘုရားရှင် ညွှန်ကြားခဲ့သော ညီညွှတ်ခြင်း သင်္ကေတ ဖိတ်မာန်ခြင်း သို့မဟုတ် ပ၀ါရဏာပင်ဖြစ်ပေသည်။
တခါက ကောသလဇနပုဒ်မှာ ၀ါဆိုခဲ့သည့် ရဟန်းတော်များ သာဝတ္ထိမြို့ရှိ ဘုရားရှင်ထံ ၀ါကျွတ်မှာ လာရောက်ဖူးမျှော်ကြသည်။ ဘုရားရှင်က အဆင်ပြေသလား ၀ါတွင်းမှာ ချမ်းသာစွာရော နေရသလား ဆွမ်းကွမ်း မပင်မပန်းရှိရဲ့လားဖြင့် ၀မ်းမြောက်စွာ မေးမြန်းတော့ အစစအရာရာ အဆင်ပြေကြောင်း လျှောက်ထားကြသည်။ ဘယ်နည်းလမ်းဖြင့် ပြေလည်သလဲ မေးမြန်းတော်မူတော့- တပါးနှင့်တပါး စကားမပြောတမ်း ကတိထားကြသည်။
“ရွာမှ ဆွမ်းခံ အလျင်ရောက်သူသည် နေရာတွေခင်း ခြေဆေးရေ ခြေသုပ်ခုံထား တံမျက်လှည်း ရေဖြည့် စသဖြင့် ဝေယျာဝစ္စအားလုံးကို လုပ်ထားရမည်။ နောက်ဆုံးမှ ရောက်သူသည်ကား ကျန်လျင်စားပြီး အားလုံးကို စနစ်တကျ ပြန်လည်သိမ်းဆည်းရမည်။ အကယ်၍များ ရေအိုး ရေဖြည့်ဖို့လိုခဲ့လျင် အခြားတပါးကို လက်ဟန်ခြေဟန်ဖြင့် ပြောဆိုရမည်။ ထို့အတွက်ကြောင့်တော့ စကားမပြောရ” စသဖြင့် သူတို့၏ နှုတ်ဆိတ်ခြင်းဖြင့် ညီညွတ်ပုံ နေထိုင်းနည်းကိုလျောက်တော့ ဘုရားရှင်က ကဲ့ရဲ့တော်မူသည်။ (နွား-ဆိတ်) တိရစ္ဆာန်တို့၏ နေထိုင်ခြင်းမျိုး(တိရိစ္ဆာန်တို့သည် ကိုယ့်မှာ ဆင်းရဲချမ်းသာဖြစ်တောင် သူတပါးကို မပြောခြင်း) လူအ တိတ္ထိတို့၏ အကျင့်မျိုး(သုံးလ လုံးလုံးစကားမပြောတမ်း)ဖြင့် နေထိုင်ပြီး ချမ်းသာစွာနေထိုင်နိုင်သည်ဟု ၀ံခံကုန်သည် (နည်းလမ်းအမှားကို နည်းလမ်းမှန်ဟု ထင်လျက်ကျင့်သုံးကြကုန်သည်)- စသဖြင့် ရှုံ့ချတော်မူပြီး ၀ါကျွတ်သည့် ရဟန်းတိုင်း သုံးမျိုးသုံးဌာနဖြင့် အချင်းချင်းဖိတ်မာန် (ပ၀ါရဏာပြု)ရမည်။
ဒိဋ္ဌ သုတ မုတ
မြင် ကြား ယုံမှား သုံးဌာနတွင် တခုခု အမှားအယွင်းရှိခဲ့သော် ပြောကြားမူပါ။ တွေ့မြင်ပါက ကုစားပါမည်- ဟု သုံးကြိမ်တိုင်တိုင် သံဃာကို လျောက်ထားရမည်။ ဟု မိန့်တော်မူခဲ့လေသည်။ (၀ိ-မဟာဝါ- ၂၂၀ တွင် အသေးစိတ်ကြည့်နိုင်ပါသည်)
မိမိအပြစ်လုပ်တာ မြင်ခဲ့လျင်- ကြားခဲ့လျင်- အပြစ်ရှိလိမ့်မည်ဟု သံသယ ၀င်ခဲ့လျင် ပြောကြားပါ လို့ ဖိတ်မာန်ခြင်းဖြစ်သည်။ သံသယဆိုတာနဲ့တောင် ပြောပိုင်ခွင့်ရှိရန် ဖိတ်မာန်ခြင်းဖြစ်သည်။ ထိုသို့ ဖိတ်မာန်ခြင်းသည် အချင်းချင်းအပေါ် ပွင့်လင်းစွာဖြင့် စင်ကြယ်မှု ရိုးသားမှုကို မြင်နိုင်ပေလိမ့်မည်။ တဦးအပေါ်တဦး သံသယမရှိလျင် ရိုးသားသူအချင်းချင်း စိတ်တူညီမျှ ပေါင်းသင်းဆက်ဆံနိုင်ပေလိမ့်မည်။ ထိုပရိသတ်ကား စိတ်ချမ်းသာစေနိုင်မည့် ပရိသတ်ပင်ဖြစ်ပေလိမ့်မည်။
သြော်- ကောင်းစွာဟောကြား မြတ်တရားဆိုသည်ကား လောကရှိ လူပုဂ္ဂိုလ်အားလုံး ကောင်းကျိုးအတွက် စနစ်တခုပင် ဖြစ်ပေသည်တကား။
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist2 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။