“namaskara (နာမစကာရ) = နမက္ကာရ = ရှိခိုးခြင်း”
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ- နမော (နမက္ကာရော)- ရှိခိုးခြင်းသည်၊ အတ္ထု- ဖြစ်ပါစေသတည်း။ (အံ- ဧကကနိပါတ ဋီ- ၇၀)
ရှိခိုးသည့်နေရာတွင် ခြေလက် နဖူး တတောင် ဒူး ငါးဦးညီညွှတ်စွာ- လို့ ရှေးအစဉ်အဆက် ဆုံးမခဲ့ကြသည်။ အမျိုးသားဖြစ်လျင် ဆောင့်ကြောင့်ထိုင်၊ အမျိုးသမီးဖြစ်လျင် ပုဆစ်ဒူးတုပ်ပြီး မည်သည့်နေရာတွင်မဆို ခြေရော လက်ရော နဖူးရော တထောင်ရော ဒူးရော အကုန်ထိ အောက်ကျအောင် အရိုအသေပေးလေ့ရှိခြင်းသည် မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ထုံးစံဖြစ်သည်။ (ထိုသည် သီလက္ခန်အဘိန၀ဋီကာ- ၂-၁၈၊ သာမညဖလသုတ်ဝဏ္ဏနာနှင့် ညီသည်)။ ဘုရားရှိခိုးရာတွင်ဖြစ်စေ မိမိထက် သီလ သမာဓိ ပညာအရာမှာ ကြီးရင့်သူဖြစ်စေ အသက်ကြီးရင့်သူကိုဖြစ်စေ ထိုသို့ထိခြင်းငါးပါးဖြင့် ရိုသေစွာ ဦးချလေ့ရှိသည်။နာမစကာရ
သီရိလင်္ကာထုံးစံကတော့ ညာဘက်ဒူးတဖက်ကနှိမ့်ပြီ ဘယ်ဘက်ကမြင့်ကာ ငုတ်တုတ်သဏ္ဌာန်ဖြင့် မိမိရှိခိုးသူ၏ ခြေထောက်ကလေးကို ထိကာ ရှိခိုးလေ့ရှိကြသည်။ ဘုရားရှင်အား ရှိခိုးလျင်တော့ မတ်တပ်ရပ် ခါးကိုင်းပြီး ရှိခိုးလေ့ရှိကြသည်။ (သဟမ္ပတိဗြဟ္မာ ဘုရားရှင်အား တရားဟောတော်မူရန်တောင်းပန်တော့ လက်ယာပုဆစ်ဒူးဝန်းကို မြေမှာထောက်ပြီး လက်အုပ်ချီကာလျောက်ထားသည်။ ၀ိ- မဟာဝဂ္ဂပါဠိ- ၅ နှင့် ညီပြန်သည်။) သူ့ရိုးရာနှင့် သူပင်ဖြစ်သည်။
“ရှိခိုးပြီးမှ အိပ်သော မထေရ်မြတ်”
ဘုရားရှင်၏ လက်ယာတော်ရံ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အရှင်အဿဇိမထေရ်မြတ်ထံမှ တရားနာယူခဲ့ရာ သောတာပန်ဖြစ်ခဲ့သည်။ ထို့နောက်တွင် ညတိုင်း ဆရာမထေရ်မြတ်ရှိရာဖက်သို့ လက်အုပ်ချီကာ ရှိခိုးပြီးမှ အိပ်လေ့ရှိရာ ရဟန်းတော်များက အရပ်မျက်နှာကို ရှိခိုးနေသူဖြစ်ပြီး အယူမှား ရှိသူဟုပင် စွပ်စွဲခံရသည်။ ထိုအကြောင်းကို ဘုရားရှင်က ဖြေရှင်းတော်မူမှ အားကျစရာ ကောင်းသော မထေရ်တပါး အဖြစ် သိရပါတော့သည်။ ဘုရားရှင်က “အရှင်သာရိပုတ္တရာသည် အရပ်မျက်နှာတို့ကို ရှိခိုးနေသည် မဟုတ်။ အဿဇိမထေရ်မြတ်ထံမှ တရားနာပြီး သောတာပန်ဖြစ်ခဲ့သဖြင့် ဆရာသခင်အား ရှိခိုးအိပ်ကြောင်း ဆရာတဦးထံမှ တရားထူးကို ရခဲ့လျင် ထိုဆရာကို ရိုသေစွာရှိခိုးသင့်ကြောင်း”စသဖြင့် ဟောကြားသွားခဲ့ပါတယ်။ ကျေးဇူးသိတတ်ဖို့ပေါ့.....။
မြန်ပြည်မှာတော့ သြကာသကန်တော့ချိုးနဲ့ သီလတောင်း-ယူကြသော်လည်း သီရိလင်္ကာမှာတော့ နာမစကာရလို့ ဆရာတော်က ပြောလျင် နမောတဿ အစချီပြီး သီလယူလေ့ရှိကြသည်။
တရားနာရာတွင်တော့ နေပုံထိုင်ပုံချင်း တူသည်။ သို့သော် အများစုကတော့ ခြေဆင်း လက်အုပ်ချီလျက် တရားနာကြသည်။ အချို့ကတော့ မတ်တပ်ရပ်လက်အုပ်ချီပြီး နာယူကြသည်။ (ထိုင်ဓလေ့ သိပ်မရှိသည်မှာလည်း ရိုးရာတခုဖြစ်ပေလိမ့်မည်။ ဘတ်စ်ကားဂိတ်ထိုင်ခုံတွင် ထိုင်စောင့်လေ့မရှိ) ရေစက်ချ
ရေစက်ချရာတွင်တော့ ကွဲပြားသွားသည်။ မြန်မာပြည်တွင် ဆရာတော် တိုင်ပေးသည်ကို လိုက်ဆိုလေ့ရှိပြီး အလှူရှင် တဦး နှစ်ဦးမှ ရေစက်ချသည်။ သီရိလင်္ကာတွင်တော့ ရေစက်ခွက်ကို အလှူရှင် မိသားစုလိုက် ကိုင်ပြီး “ဣဒံ မေ ညာတီနံ ဟောတု၊ သုခိတာ ဟောတု ညာတယော” “ဤကုသိုလ်အဖို့သည် ဆွေမျိုးတို့အတွက် ဖြစ်ပါစေ၊ ဆွေမျိုးအပေါင်းသည် (ကုသိုလ်ကြောင့်) ချမ်းသာကြပါစေ” ဟု ရွတ်ဆို ချလေ့ရှိပြီး ရွတ်ဆိုအပြီးရင် သံဃာတော်များက
“ဥန္နမေ ဥဒကံ ပတ္တံ၊ ယထာ နိန္နံ ပ၀တ္တတိ။
ဧ၀မေ၀ ဣတော ဒိန္နံ ပေတာနံ ဥပကပ္ပတိ။
(အမြင့်ကရေ နိမ့်ရာစီးလိုရာ ဒီကကုသိုလ်ကောင်းမှုတွေ ကွယ်လွန်သူတို့ထံ ရောက်ပါသည်)
ယထာ ဟရိဝဟာ ပူရာ ၊ ပရိပူရေန္တိ သာဂရံ။
ဧ၀မေ၀ ဣတော ဒိန္နံ ပေတာနံ ဥပကပ္ပတိ။ (တိရောကုဋ္ဋပေတ၀တ္ထု)
(စီးလာတဲ့ရေတွေ သမုဒ္ဒရာထဲ စီးဝင်သွားသလို ဒီကကုသိုလ်ကောင်းမှုတွေ ကွယ်လွန်သူတို့ထံ ရောက်ပါသည်)
လို့ ရွတ်ဆိုကြပါတယ်။
ဒီနောက်တွင် သံဃာတော်များက ပရိတ်ရွတ်ပေးကြသည်။ အများစုကတော့ မေတ္တသုတ်ပင်ဖြစ်ပြီး ဒီပါဠိများကိုတော့ သီရိလင်္ကာတွင်သာ ရွတ်ဆိုသည်ကို တွေ့ရသည်။
သက္ကတွာ ဗုဒ္ဓရတနံ ၊ သြသဓံ ဥတ္တမံ ၀ရံ
ဟိတံ ဒေ၀မနုဿာနံ ၊ ဗုဒ္ဓတေဇေန သောတ္ထိနာ
နဿန္တုပဒ္ဒ၀ါ သဗ္ဗေ ၊ ဒုက္ခာ ဥပသမေန္တု တေ။
သက္ကတွာ ဓမ္မရတနံ ၊ သြသဓံ ဥတ္တမံ ၀ရံ
ပရိဠာဟုပသမနံ ၊ ဓမ္မတေဇေန သောတ္ထိနာ
နဿန္တုပဒ္ဒ၀ါ သဗ္ဗေ ၊ ဘယာ ဥပသမေန္တု တေ။
သက္ကတွာ သံဃရတနံ ၊ သြသဓံ ဥတ္တမံ ၀ရံ
အာဟုနေယျံ ပါဟုနေယျံ ၊ သံဃတေဇေန သောတ္ထိနာ
နဿန္တုပဒ္ဒ၀ါ သဗ္ဗေ ၊ ရောဂါ ဥပသမေန္တု တေ။
နက္ခတ္တ ယက္ခဘူတာနံ ၊ ပါပဂ္ဂဟာ နိဝါရဏံ
ပရိတ္တဿာနုဘာဝေန ၊ ဟောန္တု တေသံ ဥပဒ္ဒဝေ။ပရိတ်ချည်လက်များဖြင့်
ပရိတ်ရေ
ပရိတ်ချည်
မြန်မာပြည်မှာတော့ ပရိတ်ရေ ပရိတ်ချည် ပရိတ်သဲ စသည်စီမံပြီး ပရိတ်ရွတ်ဖတ်ရုံသာပြုလုပ်သည်။ သီရိလင်္ကာတွင်တော့ ပရိတ်သဲ လုပ်လေ့မရှိပဲ၊ ပရိတ်ရေ- ပရိတ်ချည် သာထားရှိပြီး ပြီးလျင် ပရိတ်ချည်ကို သံဃာများက လက်တွင် သုံးပတ်စာ ပတ်စာရုံဖြတ်တောက်ပြီး ဂါထာများကို ရွတ်ဖတ်ကာ ညာဘက်လက်ကို ချည်ပေးလေ့ရှိသည်။ ဗုဒ္ဓဘာသာတိုင်း ပရိတ်ချည်ကို တန်ဖိုးထားပြီး ပတ်လေ့ရှိရာ မည်သည့်နေရာတွင်မဆို ဗုဒ္ဓဘာသာ လူမျိုးများ ညာဘက်လက်ကောက်ဝတ်တွင် ပရိတ်ချည်အဖြူလေး ပတ်ထားသည်ကိုတွေ့ရသည်မှာ ဘာသာရေး ဖက်ရှင်တမျိုးသဖွယ် ဖြစ်နေတော့သည်။ ပြီးလျင် ပရိတ်ရေကို လူတန်းစားအားလုံး လက်ဖြင့်သာ (ခွက်မပါ)သောက်သုံးခြင်း၊ လက်နှာကိုပွတ်ခြင်း၊ ခေါင်းလိမ်းခြင်းပြုကြသည်။
ရေမြေတောတောင် လူမျိုးကွာသွားသည်နှင့် ဓလေ့လည်း ကွာခြားသွားတော့သည်။ သို့သော် ဗုဒ္ဓဘာသာဆိုသည်မှာတော့ ယဉ်ကျေးသော သိမ်မွေ့သော ကြင်နာသော ညှာတာသော သော သော သော...ဖြင့် အားလုံးသော အဆုံးအမများသည် လူ့လောကကြီး ကောင်းကျိုးအတွက်သာ.......။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist1 month ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။