စာချစာသင် အလုပ်ခွင်ဝယ် နေ့စဉ်မွေ့လျော် များသူတော်တို့ ရွှင်ပျော်လုံ့လ သဒ္ဓါကြွ၍ ဉာဏစင်ဖြူ သင်ချမူကား ထိုသူစီးပွား သုတများသဖြင့် စဉ်းစားဉာဏ်ကြွယ် အမြင်ကျယ်၏။ မကွယ်စေကာ ကိလေသာလည်း သူငါရုန့်ကြမ်း ဖြစ်စတမ်းသို့ ပရမ်းပတာ မဖြစ်လာဘဲ ဣဿာမစ္ဆေရ မထကြွဘူး။ ရာဂ ဒေါသော မာန မောတို့ အပြောမကျယ် သေးငယ်ငယ်မှ စ၍ပဟာန် တဒင်္ဂန်ဖြင့် ဝိက္ခမ္ဘန ပယ်နိုင်ကြသည် သင်ချအကျိုး စာတန်ခိုး။ (မဟာဂန္ဓာရုံဆရာတော်)