ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။


မွှားကနေ ပြန်ခဲ့တယ်ဆိုတော့ ဘာလက်ဆောင်တွေ ပါလဲပေါ့။ ဓာတ်ပုံတွေပဲ လက်ဆောင်ပါခဲ့တယ်။ မွှား-ဆိုတဲ့ မြို့ကလေးကို ကွာလာလမ်ပူမြို့က အသစ်ပြောင်းထားတဲ့ အဝေးပြေးကားဝင်း ဘူကစ်ဂျာလီကနေ ဘတ်စ်ကားစီးရင် နှစ်နာရီ ခန့်စီးရပါတယ်။ မိမိတို့ သွားတုန်းကတော့ ညခင်း ၈း၃၀ ကားကို စီးသွားတော့ ခရီးသည် ဆိုလို့ လေးယောက်တည်း။ ကားတွေကကောင်း အဲယားကွန်းက အေးအေးနဲ့ ငြိမ့်နေရောပဲ။ မွှားမြို့လေးက မြစ်ကမ်းဘေးမှာ တည်ထားတာ။ တောမြို့လေးလိုပါပဲ။ စက်ဘီးစီးကြ ဆိုင်ကယ်နဲ့ သွားကြတဲ့လူတွေ များတယ်။ အဲဒီမွှားမှာ မိမိတို့ သီရိလင်္ကာက အလွန်ရင်းနှီးတဲ့ သူငယ်ချင်းဘုန်းကြီး ကျောင်းထိုင်တယ်လေ။ သူ့ရဲ့ ပင့်ဖိတ်မှုကြောင့်ပဲ ရောက်ဖြစ်ခဲ့ပြီး အဆင်ပြေတာနဲ့ နှစ်ညတောင် အိပ်ခဲ့လိုက်တယ်။ မွှားမှာတော့ အခြား ဗုဒ္ဓဘာသာတရုတ်ကျောင်းတွေလည်း ရှိပါတယ်။



မွှားမှာတော့ လည်စရာပတ်စရာ သိပ်မရှိပါဘူး။ မွှားအနီးမှာ မြန်မာလို မျောက်ကျွန်းလို့ ခေါ်တဲ့နေရာလေး တခုပဲ သွားစရာရှိပါတယ်။ မလေးလို နာမည်ကိုတော့ မေ့သွားပြီ။ အဲဒီ နေရာလေးမှာ မျောက်တွေကို ဘေးမဲ့ပေးထားပါတယ်။ သူက ပင်လယ်ကမ်းစပ်မှာပဲ နွံဒီရေတောနဲ့ပေါ့။ ဒါ့ကြောင့် ကွန်ကရစ်ထိုးထားတဲ့ လမ်းကလေးအတိုင်းလျောက်သွားပြီး နွံတော အပေါ်ယံကို ဖြတ်တဲ့ အရသာတော့ တွေ့ရတာပေါ့။

သေဘာၤႀကီး


မွှားကနေ ၄၅ မိနစ်လောက် သွားလိုက်ရင်တော့ နာမည်ကြီး ရှေးဟောင်းမြို့ မာလကာ (malacca)၊ ရှေးတုန်းက မလက္ကာလို့ ခေါ်တဲ့ မြို့ကို ရောက်ပါတယ်။ ပထမဆုံးကြည့်ရတာကတော့ သင်္ဘောကြီးပါပဲ။ သဘောင်္ကြီးထဲမှာတော့ မလေးရှားကို ပေါ်တူဂီရေတွ ရေကြောင်းနဲ့ ရောက်လာပုံ ရုပ်လုံး ရုပ်ကြွတွေ၊ သင်္ဘောဖွဲ့စည်းပုံတွေ သင်္ဘောသားတွေ အလုပ်လုပ်ကိုင်ပုံ ရုပ်လုံးတွေ တွေ့ရပါတယ်။ နောက် မလေးရှားကို ၁၅ ရာစုနဲ့ ၁၆ ရာစုအစောပိုင်းက အစ္စလာမ်ဘာသာ သာသနာ ရောက်ရှိခဲ့ပုံကိုလည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။

သင်္ဘောနဲ့ အနီးကပ်မှာတော့ ပြတိုက်ရှိပြီး ပြတိုက်ထဲမှာတော့ ရေတပ်ဆိုင်ရာ လက်နှက်တွေ ရေတပ်ဗိုလ်ဝတ်စုံတွေ အမျိုးမျိုးကို တွေ့နိုင်ပြီး ရှေးယခင်က အိန္ဒိယကနေ ကုန်စည်တွေ စီးဆင်းပုံတွေ။ မလက္ကာရေလက်ကြားကို သင်္ဘောတွေ ဖြတ်သန်းပုံတွေ ပြသထားပါတယ်။ တခုထူးခြားတာလေးကို ဓာတ်ပုံရိုက်ခဲ့တယ်။ အဲဒါလေးက အောက်ကပုံလေးပါ။ မြန်မာနိုင်ငံလို့ မြန်မာအသံထွက်နဲ့ ရေးထားတဲ့ ပုံကားချပ်လေးပါ

ု
ပြီးတော့ တမြို့လုံးကို အပေါ်စီးကနေ ဆီးကြည့်လို့ရမယ့် လျပ်စစ်ဓာတ်အားသုံး လည်ပတ်တဲ့ မျှော်စင်ကို တက်နိုင်ပါတယ်။ အဲဒီနားမှာပဲ မြို့ထဲ ပတ်ကြည့်ချင် စီးလို့ရတဲ့ မြို့ပတ် တိုးရစ်ဘတ်စကားလည်း ရှိပါတယ်။ မလှမ်း မကမ်းမှာတော့ ပေါ်တူဂီခေတ် ချက်ကြောင်းကို သွားလေ့လာနိုင်ပါတယ်။ အနီးအနားမှာတော့ အုတ်ဂူဖြူဖွေးဖွေးနဲ့ ရှေးခေတ်သုဿာန်လည်း ရှိပါတယ်။ အတွင်းထဲမှာလည်း ရှေးခေတ်ရေးဟန် ကျောက်ပြားကြီးတွေ ထောင်ထားတာ အတော့်ကို များပြားပါတယ်။ အဆိုတော် နှစ်ဦးက သီချင်းဆိုလို့ပေါ့။်အနီးနားမှာ မြွေအလမ္ပါယ်ပြတဲ့လူတွေ အမှတ်တရ လက်ဆောင်ရောင်းတဲ့လူတွေနဲ့ ခရီးသည်တွေကတော့ ရောထွေးလို့ပါပဲ။ ရှေးဟောင်းမြို့လေးလို့ ဆိုပြီး လမ်းတွေမှာ ကတ္တရာမဟုတ်ပဲ ကွန်ကရိအုတ် ရောင်စုံလေးတွေ ခင်းထားတာ။ လူနှစ်ယောက်စီး ဆိုက်ကားလို စက်ဘီးများလည်း မြို့ပတ် ပြေးဆွဲနေတတ်တာလဲ မြို့ကလေးရဲ့ ထူးခြားမှုပါပဲ။
တကယ်တော့ မွှားခရီးစဉ်ကနေ မထင်မှတ်ပဲ မာလကာပါ ရောက်ခဲ့တဲ့အတွက် ရောက်ဖြစ်အောင် ပို့ပေးတဲ့ မွှားဆရာတော်ကို ကျေးဇူးတွေ တင်နေမိပါတော့တယ်။




အပေါ်စီးမှ မြင်တွေ့ရတဲ့ မလက္ကာမြို့ကလေး