လူငယ်လေးတယောက်ဟာ အရက်ဆိုင်တခုထဲဝင်- ဆက်လိုတဲ့ တယ်လီဖုန်းကို မှီအောင် ဆိုဒါ တကာတွန်းကို ဆွဲ- ပြီးတော့ အဲဒီပုံးပေါ်တက်ပြီး ဖုံးနံပါတ်တွေကို နှိပ်လိုက်ပါတော့တယ်။
ဒါကို ဆိုင်ရှင်က စူးစမ်းလိုစိတ်နဲ့ ကြည့်ပြီး သူပြောသမျှ စကားတွေကို နားထောင်နေမိပါတော့တယ်။
လူငယ် = အမရေ…. ကျွန်တော့ကို မြက်ရိတ်ဖို့ အလုပ်တခုခု ပေးနိုင်မလား
အမျိုးသမီး = မြက်ရိတ်ဖို့ လူတယောက် ရှိနေပြီးသားဖြစ်နေတယ်ရှင်
လူငယ် = အမရေ… အခုမြတ်ရိတ်တဲ့လူ ယူတဲ့လစာထက် တ၀က်လျော့ပြီး ကျွန်တော်ယူပါ့မယ်
အမျိုးသမီး = အခု ကျွန်မမြက်ခင်းကို မြတ်ရိတ်တဲ့ ပုဂ္ဂိုလ်ကို ကျွန်မ အလွန်သဘောကျ ကျေနပ်ပါတယ်ရှင်
လူငယ် = (ပိုပြီး ဇွဲသန်သန်နဲ့) ကျွန်တော် အမလမ်းလျောက်နေကျ လျောက်လမ်းကိုပါ တံမျက်လှည်းပေးပါ့မယ်။ ဒါဆို တနင်္ဂနွေမှာ အမရဲ့မြက်ခင်းဟာ ဖလော်ရီဒါ ပြည်နယ်က၊ palm beach မှာ အလှဆုံး တခုဖြစ်သွားမှာပါ။
အမျိုးသမီး = မလုပ်ပါနဲ့ရှင်၊ ကျေးဇူးတင်ပါတယ်
အဲဒီအခါ လူငယ်က ပြုံးပျော်ကျေနပ်တဲ့ မျက်နှာနဲ့ တယ်လီဖုန်းခွက်ကို ပြန်ချလိုက်ပါတယ်။
စကားပြောသံကို နားထောင်နေတဲ့ ဆိုင်ပိုင်ရှင်က အဲဒီအချိန်မှာ လူငယ်လေးဆီ လျောက်လာပြီး
“သားလေး…. မင့်ရဲ့ စိတ်နေသဘောထားတွေကို သဘောကျတယ်ကွာ။ ငါက အဲသလို စိတ်သဘောထား ကောင်းတာတွေကို သဘောကျတယ်။ ငါမင့်ကို အလုပ်တခု ပေးချင်ပါတယ်”
“မလုပ်ပါနဲ့ဗျာ၊ ကျေးဇူးတင်ပါတယ်”
“အခု…မောင်ရင်က အလုပ်တခုအတွက် ကြိုးပမ်းနေတာ မဟုတ်လား”
“မဟုတ်ပါဘူးခင်ဗျာ၊ အခုလောလောဆယ် လက်ရှိရှိပြီးသားအလုပ်မှာ ကိုယ့်ရဲ့ စွမ်းဆောင်မှုကို ဆန်းစစ်ကြည့်နေတာပါ။ ကျွန်တော်က ခုနဖုန်းစကားပြောတဲ့ အမျိုးသမီးရဲ့ မျက်ခင်းမှာ မြက်ရိတ်တဲ့ အလုပ်ကို လုပ်နေတာပါ၊ သူနဲ့ စကားပြောကြည့်တာပါ”တဲ့။
ဒါကို ကျွန်တော်တို့ ဘယ်လိုခေါ်ကြမလဲ “ကိုယ့်ကိုကိုယ် ဆန်းစစ်ဝေဖန်ခြင်းပေါ့ဗျာ”
(ရေးသူမသိ)
http://www.piffe.com/ ပါ self-appraisal ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။
ကိုယ့်ဘ၀ကို ကိုယ့်ဘာသာ ပြန်လည် ဆန်းစစ်နိုင်ကြပါစေ၊ စိတ်ကောင်းစေတနာကောင်းများ ထားနိုင်ကြပါစေ.......
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist10 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-
စာတန်ခိုး
|
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
*ပဓာန နာယက ဆရာတော်*
တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။

