=====အောင်ချမ်းသာ ကျောင်းတိုက်
ခေတ်ကာလ အလျောက် ရေခြားမြေခြားအရပ်သို့ အလုပ်လုပ်ရန် ထွက်ခွါကြရင်း မိမိတို့ တတ်စွမ်းသမျှ ဒါနများဖြင့် မလေးမြေရောက် မြန်မာတို့သည် ဆရာတော်သံဃာတော်များကို ထောက်ပံ့လှူဒါန်းလေ့ရှိကြသည်။ ဟိုး ရှေးလွန်ခဲ့သည့် နှစ်ပေါင်း ၂၀ လောက်ကဆို ဘုန်းတော်ကြီးများနှင့် ကျောင်းနေရာများ ရှားပါးလွန်းလှသဖြင့် ကွယ်လွန်သွားသူ တယောက်အတွက် မိမိတို့ ထုံးစံအတိုင်း သပိတ်သွတ် ဆွမ်းကပ်ရန်ပင် အိမ်က ဘုရားပုံတော်ကိုပဲ ဆွမ်းကပ်ကာ ကိုယ့်ဘာသာ သီလယူ ကိုယ့်ဘာသာ အမျှဝေခဲ့ရသည်ဟု တက္ကစီဒရိုင်ဘာ တယောက်က မိမိကို ပြောပြဖူးသည်။ ယခုလို ဆရာတော်များ ရှိလာခြင်းသည် အလွန်ကောင်းပြီး သူ့အနေဖြင့် ကြိုဆိုမိသည် ၀မ်းသာမိသည်ဟု ဆိုသည်။
်
မလေးမြေရှိ မြန်မာကျောင်းအများစုသည် တိုက်ခန်းကို ကျောင်းလုပ်ရသည်က များပြားပေသည်။ ကျောင်းနှင့် ကန်နှင့် ဖြစ်အောင် ကြိုးစားအားထုတ်ကြသည်ကတော့ စွမ်းနိုင်သလောက် လုပ်ဆောင်ကြပေသည်။
မြန်မာ့ရိုးရာ နှစ်သစ်သင်္ကြန်တုန်းကဆိုလျင် ရှိသည့် သံဃာဖြင့် မလောက်ငှပေ။ မိမိတို့ ဓလေ့ထုံးစံအတိုင်း မိမိတို့ အလုပ်လုပ်ရာ စက်ရုံများတွင် အန္တရာယ်ကင်း ပရိတ် ရွတ်ဖတ်လိုကြသည်။ သံဃာများကို ဆွမ်းကပ်လိုကြသည်။ လိုချင်သည့် သံဃာအရေအတွက်ထက် သံဃာရဖို့ အဓိကပင် ဖြစ်နေသေးသည်ကို တွေ့ရပေသည်။
ကျောင်းတိုက်အသီးသီးတွင်လည်း နှစ်ဆန်းတရက်မှာ အားလုံးအတွက် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပေးကြသည်။ မိမိတို့တည်းခိုရာ သိရီမင်္ဂလာဓမ္မာရုံတွင်တော့ ပရိတ်ရွတ်ခြင်းအပြင် ၂၀၁၀ အထိမ်းအမှတ် ငှက် အကောင် ၂၁၀ လွှတ်ခြင်း၊ ဘုရားပူဇော်နိုင်ကြရန် ဘုရားဆင်းတုတော်များကို မဲဖေါက်ပူဇော်စေရန် ချီးမြှင့်ခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ မှန်ပေသည်။ အခြားဒေသ အခြားအရပ်တွင် မိမိတို့ ကိုးကွယ်ဖို့ ပုံတော် ပန်းချီဘုရားရုပ်ပွားကို ရှိကြသော်လည်း ဆင်းတုတော်ကား ပူဇော်နိုင်ဖို့ ရှားပါးသည်။ အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ် အပြန်အလှန်ပြေးနေကြသူများအတွက် ဘုရားဆင်းတုတော် တဆူ အိမ်မှာ ကိန်းဝပ်ဖို့ စိတ်ကူးရှိသော်လည်း အကောင်အထည် ဖေါ်နိုင်ခဲလှသည်။ သူတို့တတွေ ဆင်းတုတော်လေးတွေ ပူဇော်ရန် မဲပေါက်တော့ အတော်ပင် ပျော်နေကြသည်ကို တွေ့ရသည်။ ထိုဆင်းတုတော်များသည် သူတို့အတွက် ထုံးဖြူဖြူ စေတီအကြီးကြီး သို့တည်းမဟုတ် ရွှေတ၀င်းဝင်း တပြောင်ပြောင် ရွှေတောင်လို စေတီတော်နှင့် ဝေးကွာနေသူများအတွက် ရွှင်လန်းစေသည့် အားဆေးသည် မဟုတ်ပါလော။ဘုရားပုံတော်များ ပူဇော်ရန် ပေးလှူသည်
ကိုယ်လည်း မလေးမြေကို ရောက်တော့ စေတီတော်ကြီးတွေ မြင်ချင်နေလှသည်မှာ စိတ်ထဲက ဆာလောင်မှု တမျိုးပင် ဖြစ်တော့သည်။ ခရီးသွားတိုင်း တောတောင်တိုင်းကို ကြည့်လိုက်တိုင်း စေတီဦးကို မြင်ရလိမ့်နိုး မျှော်ကိုးမိပါသည်။ အခုတော့ တွေ့ပါပြီ။ ရွှေရောင်ဝင်းဝါ ရွှေတိဂုံစေတီပုံတူလေးပါ။
ံ
စေတီတော်ကို ပီနန်မြို့ အသွားလမ်းမှာ တွေ့ရခြင်းဖြစ်သည်။ သွားလေရာရာ ကင်မရာ ဟန်ရေးတပြပြနဲ့ မြင်သမျှကို မှန်ဘီလူးဖြင့် ဆွဲရိုက်နေမိလိုက်ရာ လှိုဏ်ဂူထဲ ကားအ၀င်မှာ ရိုက်ချက်ကတော့ မိမိကင်မရာလေးရဲ့ နောက်ဆုံးဇာတ်သိမ်းခန်း ဖြစ်သွားပါရောလား။ ကင်မရာ မှန်ဘီလူးပျက်သွားသည်ဟု ယူဆရသည်။ ဘာကိုပဲ ရိုက်ရိုက် အစင်းကြောင်းများစွာနှင့် အလင်းရောင် အဖြူကြီးပေါ်နေခြင်းက ပျက်စီးခြင်းကို သရုပ်ဖေါ်နေတော့သည်။ တခုတော့ ကံကောင်းပါသည်။ မိမိမှာ နိုကီရာတယ်လီဖုန်းမှာ ကင်မရာပါနေခဲ့ပြီး ထိုဖုန်းဖြင့် ရိုက်နိုင်ပါသေးသည်။ ဖြစ်လာမှတော့ ပျက်ရမှာ ဓမ္မတာပင် မဟုတ်ပါလား...။
ပီနန်မြို့ မြန်မာကျောင်းကြီးမှာ တည်းခိုတော့ ဆရာတော်ကြီးကိုလည်း ဖူးတွေ့ခွင့်ရခဲ့သည်။ ထို့အပြင် အမြဲနေ သံဃာများကလည်း ဖေါ်ရွှေသဖြင့် အရာရာ အဆင်ပြေလှသည်။ နောက်တရက်တွင်တော့ ကွမ်ရင်တောင်တော်ကို တက်ဖြစ်ခဲ့သည်။ ကွမ်ရင်မယ်တော်တောင်သည် မဟာယာနအတွက်ဖြစ်ပေမယ့် ဘုရားဆင်းတုတွေ အများအပြား ဖူးမြင်ရခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တို့ စိတ်ကို ငြိမ်းချမ်းစေသည့် နေရာတခုတော့ ဖြစ်ပေသည်။
ပီနန်ကျောင်းကြီးမှာ ညကျိန်းစက်အနားယူပြီး နံနက်ပိုင်းတွင် ကျောင်းဝန်းထဲလှည့် ကြည့်ရှုမိရာ ဆရာတော်၏ မြန်မာအနုပညာအပေါ်ချစ်မြတ်နိုးမှု တန်ဖိုးထားတတ်မှုများကို တွေ့မြင်ရပေသည်။ မြန်မာတို့အတွက် ဂုဏ်ယူစရာ နေရာတခုလည်း ဖြစ်နေသည်ကို ၀မ်းသာစွာ တွေ့မြင်ရပေသည်။
ဆရာ့တော် ကျောင်းတိုက်သည် ၁၈၀၃ ခုနှစ်က စတင်တည်ထောင်ထားသည့် ကျောင်းတိုက် ဖြစ်ခြင်းကြောင့် ယခုမူ နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီ ဖြစ်သည်။
်
ပီနန်ကျောင်းမှာ စေတနာတရား အလွန်ကောင်းသည့် ရှလင်တန် မည်သည့် တရုတ်ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ရှိပြီး သူမသည် သံဃာတော်များကို သွားလိုရာ နေရာဒေသသို့ သူမကားဖြင့် ကုသိုလ်ဖြစ် အမြဲတစေ လိုက်ပို့လေ့ရှိသည်။ ထို့ပြင် ကုသိုလ်ဖြစ် လှူဒါန်းသည့် အခမဲ့ဖြန့်ဝေရာ ဓမ္မစာအုပ်များကိုလည်း ရရှိအောင် ကူညီပေးသည်။ သူမသည် ထိုအဖွဲ့ကြီး၏ အဖွဲ့ဝင်တယောက် ဖြစ်သည်ဟုလည်း သိရသည်။ သူမသည် မိမိတို့ကို ကားဂိတ်ရောက်အောင် ပို့ဆောင်ပေးရင်း “မလေးရှားမှာတော့ စာအုပ်တွေ အခမဲ့ ပေးနိုင်ပေမယ့် ဖတ်မယ့်လူက နည်းနေတယ်။ လူတွေက စီးပွားရေးကောင်းတော့ အဲဒီအတွက် အရမ်းလုံးပမ်းနေကြတယ်”ဆိုတဲ့ စကားလေးကတော့ မှတ်သားစရာ ဖြစ်ခဲ့သည်။
တရားစာအုပ်ပေါင်းများစွာကို ရိုက်နှိပ်ပြီး ဓမ္မဒါန ဖြန့်ဝေနေသည့် အဖွဲ့အစည်း အဆောက်အဦး
အလိုရှိသလောက် အလှူခံ ရရှိနိုင်ပေသည်။
ပီနန်မြို့သည် သီးခြားခွဲထွက်နေသည့် မြို့လေးတမြို့လို ဖြစ်နေပြီး မြို့ခြေဆင်းတွင် ပင်လယ်ပြာနှင့် မြို့ခေါင်းရင်းတွင် ကွမ်ရင်တောင်၊ ပီနန်တောင်တို့ ပတ်ထားခြင်းကြောင့် ဒေသအားဖြင့် အလွန်ကောင်းသည့် နေရာပင် ဖြစ်သည်။ ထိုနေရာတွင် အခြားသော တရားဝိပဿနာကျောင်းတိုက်များ၊ ထိုင်းဗုဒ္ဓဘာသာကျောင်းတိုက်များ ခြံကျယ်ဝန်းကျယ်များဖြင့် မြင်တွေ့ခဲ့ရခြင်းကြောင့် မလေးရှားမြေတွင်တော့ သာသနာရောင် အထွန်းတောက်ဆုံးနေရာတခုဟု မှတ်တမ်းတင်လိုက်ပါရစေ.....။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Facebook Account Hacking7 years ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။10 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။