Mahintale (Mihintale) မဟိန္တလေတောင်ဆိုသည်မှာ အရှင်မဟိန္ဒမထေရ်နှင့် ရဟန်းတော်များ အိန္ဒိယပြည်မှ သီရိလင်္ကာသို့ ကြွရောက်လာသည့် နေရာတခုဖြစ်သည်။မဟိန္တလေ တောင် အတက်လမ်း
အတက်လမ်း
လှေခါးထစ်ပေါင်း 1840 ရှိသည်လို့ ဒီမှာ ဆိုပါသည်။DANA SALAWA - The Alms hall- ဆွမ်းစားကျောင်းဆောင်
သရက်ဥယျာဉ်
မဟိန္ဒမထေရ်နှင့် ဒေ၀ါနံပီယတိဿမင်းတို့ တွေ့ဆုံသည့် နေရာတွင် တည်ထားသည့် အမ္ဗတ္ထစေတီတော်
ဗြဟ္မဏစာလုံးများ
မဟိန္တလေတောင်ပေါ်မှ စေတီတော်
12 ကီလိုမီတာ အမြင့်ရှိ ရုပ်ပွားတော်မြတ်
သုမနသာမဏေ တရားနာရန် နှိုးဆော်ရာ တောင်
သုမနသာမဏေ တရားနာရန် ဖိတ်ကြားခဲ့သည့် တောင်ပေါ်မှ မြင်တွေ့ရသည့် ရှုခင်း
===============မဟိန္ဒ မထေရ်မြတ် သီတင်းသုံးတော်မူသည့် နေရာ
ကျိန်းစက်တော်မူသည့်နေရာ
သီတင်းသုံးသည့်နေရာမှ မြင်ကွင်း
တတိယသင်္ဂါယနာ တင်တော်မူအပြီးတွင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်သည် အနာဂတ်သာသနာတော်သည် အစွန်အဖျားဇနပုဒ်အရပ်တို့တွင် ကောင်းမွန်စွာ တည်တံ့လိမ့်မည်ဟု ဆင်ခြင်စဉ်းစားမိသဖြင့် ကိုးတိုင်း ကိုးဌာနသာသနာပြု အဖြစ် ရဟန်းတော်များကို အသီးသီး နေရာခွဲကာ သာသနာပြု စေလွှတ်ခဲ့လေသည်။ ထိုရဟန်းတော်များတွင် အရှင်မဟိန္ဒမထေရ် အရှင်ဣဋ္ဋိယမထေရ် အရှင်ဥတ္တိယမထေရ် အရှင်သမ္ဗလမထေရ် အရှင်ဘဒ္ဒသာလမထေရ် တို့နှင့်အတူ တမ္ဗပဏ္ဏိဒီပခေါ် သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံသို့ သာသနာပြု စေလွှတ်တော်မူခဲ့သည်။ မထေရ်မြတ် မဟိန္ဒသည် မုဋသိဝမင်း အုပ်စိုးချိန်တွင် အကြောင်းမသင့်သေးသဖြင့် ကြွချီတော် မမူသေးပဲ ဒေ၀ါနံပီယတိဿမင်း နန်းတက်ချိန်တွင် နောက်ပါရဟန်းတော်လေးပါး၊ တူတော် သုမနသာမဏေ၊ ဥပါသကာ ဘဏ္ဍုကတို့နှင့် အတူ သီဟိုဠ်ခေါ် သီရိလင်္ကာသို့ ကြွတော်မူခဲ့လေသည်။ ပထမဦးဆုံး ကြွရောက်ခဲ့သည့်နေရာကား အနုရာဓပုရမြို့ အရှေ့ဘက် မိဿကတောင်ခေါ် စေတိယပဗ္ဗတတောင်ပင်ဖြစ်သည်။ ကြွရောက်ရာ နေ့ကား ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူအပြီး နှစ်ပေါင်း ၂၃၆ နှစ်တွင် ဖြစ်သည်။ ထိုနေ့သည် သီဟိုဠ်ကျွန်း၏ ကဆုန်လပြည့်နေ့လည်း ဖြစ်သည်။ ထို့ကြောင့် ဒေ၀ါနံပီယတိဿမင်းသည် ပွဲလန်းသဘင် ကျင်းပခွင့်ကို မူးမတ်များအား ခွင့်ပြုပြီး ကိုယ်တိုင်ကမူ ယောင်္ကျားပေါင်း (၄၀၀၀၀)ခြံရံပြီး သမင်လိုက်ထွက်ဖို့ မိဿကတောင်သို့ လာခဲ့လေသည်။ တောင်စောင့်နတ်တပါးက ဘုရင်မင်းကို မထေရ်မြတ်နှင့်တွေ့စေရန် ရည်ရွယ်ပြီး ရွှေသမင်ဟန်ဆောင်ကာ ဘုရင်နှင့် မဝေးသည့်အရပ်တွင် မျက်သစ်ရွက်တွေကို စားပြီးနေလိုက်သည်။ ထို့ကြောင့် ဘုရင်ကလည်း ပစ်ခတ်ရန် လေးကြိုးကို ပုတ်ခတ်လိုက်သည်။ သမင်ကလည်း သရက်ပင်ပေါက်ရာ တောလမ်းဘက်ကို ပြေးထွက်ဖို့ အားထုတ်ခဲ့ရာ ဘုရင်ကလည်း နောက်ကနေ ထပ်ကြပ်မခွါလိုက်ခဲ့လေသည်။ မထေရ်မြတ်တို့ အနီးအရောက်တွင်မူ သမင်ပျောက်ထွက်သွားခဲ့သည်။ ထိုနည်းဖြင့် မထေရ်မြတ်နှင့် ဘုရင်မင်းတို့ တွေ့ဆုံခဲ့လေသည်။
3 century B.C မှ Critical thinking
ထို့နောက် ရင်းနှီးမှု ရရှိကြသည့်အခါတွင် ဘုရင်က “အရှင်ဘုရားတို့ ဘာခရီးနဲ့ လာခဲ့ကြပါသနည်း”ဟု မေးရာ “ဘုရင်မင်း…. ရေလမ်းနဲ့လည်း မဟုတ်ပါ၊ ကုန်းလမ်းနဲ့လည်း မဟုတ်ပါ” ဟုမိန့်ရာ
“ဘုရင်သည် ကောင်ကင်ခရီးဖြင့် ကြွချီလာကြသည်” ဟုသိလေသည်။
ထို့နောက် မထေရ်မြတ်က ဘုရင်မင်း၏ ပညာညာဏ်ထက်မြက်မှုကို စမ်းသပ်လိုသဖြင့် အနီးနားရှိ သရက်ပင်ကို အကြောင်းပြုကာ“ဘုရင်မင်း… ဒီသစ်ပင်ကို ဘယ်လိုခေါ်ပါသနည်း”
“သရက်ပင်လို့ ခေါ်ပါသည်ဘုရား”
“ဒီသရက်ပင်ကို ချန်ထားပြီး အခြားသရက်ပင်တွေ ရှိသေးလား၊ မရှိဖူးလား”
“ရှိပါသည်ဘုရား၊ အခြားလည်း သရက်ပင်များစွာ ရှိပါသည်ဘုရား”
“ဒီသရက်ပင်ရော အခြားသရက်ပင်တွေရော ချန်ထားပြီး အခြားသစ်ပင်များ ရှိပါသေးသလား” “ရှိပါသေးသည်ဘုရား။ ဒါပေမယ့် သရက်ပင်များတော့ မဟုတ်ပါဘုရား။ “အခြားသရက်ပင်တွေရော အခြားသစ်ပင်တွေရော ချန်ထားပြီး အခြားသစ်ပင်များရော ရှိပါသေးသလား“
“အခု ဒီသရက်ပင်ပဲ ကျန်ပါတော့သည်ဘုရား”
ထိုသို့ မေးမြန်း စပ်သပ်ခဲ့ပြီးနောက် မထေရ်မြတ်သည် သာဓုခေါ်တော်မူခဲ့လေသည်။
ထို့နောက် .....
“မင်းကြီး သင့်မှာ ဆွေမျိုးတွေ ရှိပါသလား”
“ရှိပါသည် လူပေါင်းများစွာ ရှိပါသည်ဘုရား”
“ထိုဆွေမျိုးတွေကို ချန်ထားပြီး အခြားတစုံတယောက် ဆွေမျိုးမဟုတ်သူများ ရှိပါသေးသလား” “ဆွေမျိုးများထက် ဆွေမျိုးမဟုတ်သူများက သာပြီးများပါသည်ဘုရား”
“ထို ဆွေမျိုးတွေရော ဆွေမျိုးမဟုတ်သူတွေရော ချန်ထားပြီး အခြားသူများရော ရှိပါသေးသလား” “တပည့်တော်ပဲ ကျန်ပါတော့သည်ဘုရား“ ထို့သို့ မေးမြန်းတော်မူပြီး ကျေနပ်စွာ သာဓုခေါ်ခဲ့လေသည်။
ထို့နောက် ပညာရှိသူ ဘုရင်မင်းကို “စူဠဟတ္ထိပဒေါပမသုတ်တော်”ကို ဟောကြားတော်မူခဲ့လေသည်။ တရားတော်အဆုံးတွင် ဘုရင်မင်းနှင့်အတူ လူပေါင်း ၄သောင်းလည်း သရဏဂုံဆောက်တည်ခဲ့ကြလေတော့သည်။ ထို့နောက် ဘုရင်မင်းသည် သူ့အတွက်ဆောင်ယူလာသည့် ထမင်းထုပ်ကို မထေရ်မြတ်အား ဆက်ကပ်သော်လည်း မွန်းလွဲချိန်ဖြစ်သဖြင့် လက်မခံခဲ့ပေ။ ဘုရင်မင်းမြတ်သည် မနက်ဖြန် မြို့တော်သို့ ကြွရောက်ပါရန် ပင့်ဖိတ်ပြီး ပြန်သွားခဲ့လေသည်။
ဘုရင်ပြန်သွားပြီး မကြာမီတွင် မထေရ်သည် သုမနသာမဏကို “တရားတော်နာ ကြွရောက်ကြစေဖို့ နိုးဆော်ရန် မိန့်ခဲ့လေသည်။ သုမနသာမဏေသည် မထေရ်မြတ်အလိုရှိသည့် တမ္ဗပဏ္ဏိခေါ် သီဟိုဠ်တကျွန်းလုံး ကြားစေရန် အဘိညာပါဒက စတုတ္ထဈာန်ကို ၀င်စားပြီး သမာပတ်မှ ထကာ စိတ်ထားကောင်းဖြင့် တမ္ဗပဏ္ဏိတကျွန်းလုံး ကြားလောက်အောင် သုံးကြိမ်တိုင်တိုင် တရားနာဖို့ နှိုးဆော်ခဲ့သည်။ သာမဏေအသံကို ဘုရင်မင်းက ကြားပြီး ဘေးအန္တရာယ် တစုံတရာ ရှိလေသလားဟု မေးမြန်းစေခဲ့သည်။ မထေရ်က တရားနာဖို့ ပင့်ဖိတ်တဲ့အကြောင်း ပြန်ပြောပြခဲ့သည်။ သာမဏေငယ်အသံကို မြေစောင့်နေတွေက တဆင့် ဗြဟ္မာ့ဘုံတိုင်အောင် အသံပျံ့နှံ့ခဲ့လေသည်။ ထို့ကြောင့်လည်း နတ်များစွာ အစုအဝေးကြီးဖြစ်ခဲ့သည်။ မထေရ်မြတ်က နတ်အစုအဝေးကြီးကို မြင်ပြီး “သမစိတ္တသုတ်တော်ကို ဟောခဲ့လေသည်။ တရားအဆုံးတွင် နတ်အသင်္ချေများစွာ တရားတော်ကို ထိုးထွင်းသိခဲ့ကြလေသည်။ နဂါးများ ဂဠုန်များများလည်း သရဏဂုံဆောက်တည်ခဲ့ကြလေသည်။
နောက်တရက် နံနက်တွင် ဘုရင်က မြို့တော်သို့ ကြွရောက်ပါရန် ရထားများ စေလွှတ်လိုက်သော်လည်း မထေရ်သည် ရထားများကို လွှတ်လိုက်ပြီး ကောင်းကင်ခရီးဖြင့် အနုရာဓမြို့ အရှေ့အရပ်ကို သက်ဆင်းခဲ့သည်။ ထိုနေရာကို မထေရ်မြတ် ပထမဦးဆုံး သက်ဆင်းရာနေရာဖြစ်ခြင်းကြောင့် စေတီတည်ပြီး ပဌမကစေတီလို့ ခေါ်ခဲ့သည်။ ထို့နောက် ဘုရင်သည် မထေရ်မြတ်အား ဆွမ်းဘောဇဉ်များဖြင့် ဆက်ကပ်လှူဒါန်းခဲ့ရာ မထေရ်မြတ်က ဆွမ်းဘုဉ်းပေးတော်မူပြီးသည့်နောက်တွင် တရားဓမ္မများ ဟောကြားတော်မူခဲ့သည်။ ထို့နောက် မထေရ်အား နန္ဒ၀န်ဥယျာဉ်ဆောက်လုပ် လှူဒါန်းခဲ့သည်။ ဒုတိယနေ့ တရားဟောတော်မူအပြီးတွင် နေထိုင်ရာ မိဿကတောင်သို့ ပြန်ကြွတော်မည်ဟု မိန့်တော်မူရာတွင် မိမိဖခင်၏ ဥစ္စာဖြစ်သည့် မြို့နှင့် မနီးမဝေးနေရာ မေဃ၀န်ဥယျာဉ်ကို လှူဒါန်းခဲ့သည်။ ထိုသို့ဖြင့် ခုနှစ်ရက်တိုင်တိုင် တရားဓမ္မများဟောကြားရင်း ကုန်လွန်ခဲ့ပြီးနောက်တွင် စေတိယဂိရိသို့ ကြွသွားခဲ့သည်။ ဘုရင်မင်းမှ ကြွရောက်ရခြင်း အကြောင်းကို လိုက်လံ လျောက်ထားရာ ၀ါဆိုရန် နီးကပ်ခြင်းဖြစ်ခြင်းကြောင့်ဟု မိန့်ခဲ့သည်။ ထို့ခဏချင်းပင် ဘုရင်မင်းသည် စေတီရင်ပြင်ကို ကာရံစေခဲ့ပြီး မြို့သို့ ပြန်သွားခဲ့သည်။ ထိုစေတီရင်ပြင်တွင် တ၀ါဆိုတော်မူသည်။
ဝါကျွတ်သည့်အချိန် ပ၀ါရဏာပြုပြီးသည့်နောက်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဥပုသ်နေ့တွင် ဘုရင်မင်းအား “မင်းကြီး မြတ်ဘုရားကို မဖူးမြင်ရသည်မှာ ကြာပေပြီ။ ကိုးကွယ်ရာ မရှိပဲ နေခဲ့ကြရသည်။ ငါတို့ ဇမ္ဗုဒိပ်ကျွန်းကို သွားလိုပါသည်”ဟု မိန့်ရာ
“တပည့်တော်က အရှင်ဘုရားတို့ကို ပစ္စည်းလေးပါးဖြင့် ဆည်းကပ်နေပါသည်။ ဒီလူအပေါင်းလည်း အရှင်ဘုရားတို့ကို မှီတည်ပြီး သရဏဂုံသုံးပါးကို ဆောက်တည်ကြပါသည်။ အဘယ့်ကြောင့်များ ငြီးငွေ့တော်မူကြပါသနည်းဘုရား” ဟုလျောက်ထားသည်။
ထိုအခါ “မြတ်ဘုရားကို မဖူးမြင်ရသည်မှာ ကြာပေပြီ၊ ရှိခိုးမှု ခရီးဦးကြိုဆိုမှု လက်အုပ်ချီမှု အရိုအသေပြုမှုပြုလုပ်ရသည်ဆိုတာ မရှိပါ။ ထို့ကြောင့် ငြီးငွေ့ကြပါသည်“ ဟု ပြန်လည် မိန့်သည်။ “မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသွားခဲ့ပေပြီ- ဟု အရှင်ဘုရားတို့ပဲ မိန့်ခဲ့သည်မဟုတ်ပါလော”
“မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူလည်း ဓာတ်တော်မွေတော်များ ကြွင်းကျန်ရစ်ခဲ့ပါသည်“။ “နားလည်သွားပါပြီ အရှင်ဘုရား၊ ရှင်ဘုရားတို့ ဓာတ်တော်ထားရာ စေတီအစုအပုံကို အလိုရှိကြသည်မဟုတ်ပါလော”
“ပြုပါမည်အရှင်ဘုရား။ မြေနေရာကို ရွေးချယ်တော်မူကြပါ။ သို့ပေမယ့် အရှင်ဘုရား ဓာတ်တော်များကို ဘယ်နေရာမှာ ရနိုင်ကြမည်နည်းဘုရား”။
“မင်းကြီး….သုမနနှင့် တိုင်ပင်ကြည့်ပါလေ”
“ကောင်းပါပြီ”ဘုရားဆိုပြီး လျောက်ထားကာ ဘုရင်သည် သုမနရှင်မဏေထံချည်းကပ်ရာ သုမနသာမဏေမှ ထို့အတွက် ကြောင့်ကြမဲ့နေထိုင်ပါရန် မိန့်ခဲ့ပြီး စေတီတည်မည့်နေရာကို ရှင်းလင်းဖို့နှင့် လူအပေါင်း ဥပုသ်ဆောက်တည်ဖို့ မင်္ဂလာဆင်တော်ကို တန်ဆာဆင်ထားဖို့များကို ညွှန်ကြားခဲ့သည်။ ထို့နောက် အရှင်မဟိန္ဒမထေရ်သည် သုမနသာမဏေကို အဖိုးဖြစ်သူ အသောကမင်းထံ မင်းကြီး၏ သူငယ်ချင်း ဒေ၀ါနံပီယတိဿမင်း မြတ်ဘုရားသာသနာတော်ကို ကြည်ညိုလို့ စေတီတော် တည်လိုပါကြောင်း ဓာတ်တော်ရှိပါက မျှပေးပါရန် မိန့်ကြားလိုက်လေသည်။ ထိုဓာတ်တော်ကို တခါယူပြီး သိကြားမင်းထံသွားကာ “မင်းကြီး သင့်ထံမှာ လက်ယာသင်းကျစ်တော်နှင့် လက်ယာညှပ်ရိုးတော် ရှိပါသည်။ ထို့ကြောင့် သင်က လက်ယာသင်းကျစ်တော်ကို ပူဇော်ပါ။ လက်ယာညှပ်ရိုးတော်ကို ကျွန်ုပ်တို့အား ပေးပါ”လို့ ပြောစေသည်။ သုမနသာမဏေသည် မထေရ်မြတ်မိန့်သည့်အတိုင်း အသောကမင်းထံ ကြွရောက်ရာ အသောကမင်းမှ သပိတ်တော်နှင့် အပြည့် မွန်မြတ်သည့် ဓာတ်တော်များ လှူဒါန်းခဲ့သည်။ ထို့နောက် သိကြားမင်းထံ ကြွရောက်ပြီး ဓာတ်တော်အလှူခံရာ သိကြားမင်းမှ လှူဒါန်းလိုက်လေသည်။ ထို့နောက် သုမနသာမဏေသည် ဓာတ်တော်တို့ကို ဆောင်ယူကာ စေတိယဂိရိကို ပြန်ကြွရောက်ရှိခဲ့သည်။
ထို့နောက် အသောကမင်း လှူလိုက်သည့် ဓာတ်တော်များကို စေတိယဂိရိတွင် ကိန်းဝပ်စေကာ လက်ယာညှပ်ရိုးတော်ကိုမူ မေဃ၀နဥယျာဉ်သို့ ပင့်ဆောင်ခဲ့ကြသည်။ ထို့နောက် မင်္ဂလာဆင်တော်ဖြင့် ပင့်ဆောင်ကာ “ထူပါရုံစေတီတော်”ကို တည်ထားကာ ဓာတ်တော်ကို ကိန်းဝပ်စေခဲ့ကြသည်။ (ထိုထူပါရုံစေတီတော်သည် ရှေးဘုရားရှင် သုံးဆူတို့၏ ပရိဘောဂစေတီ တည်ရာဌာနဖြစ်သည်) စေတီတော်ကို မည်သို့ပုံစံတည်ရပါမည်နည်းဟု မေးလျောက်သည့်အခါ စပါးပုံသဏ္ဍာန်ပြုလုပ်ပါဟု မထေရ်က မိန့်ခဲ့သည်။ စေတီတော်ကို တည်ထား (ထူပ)ပြုလုပ် ဓာတ်တော်ကို ပူဇော်ပွဲပြုလုပ်ပြီးနောက်တွင် မဟိန္ဒမထေရ်သည် မေဃ၀နဥယျဉ်တွင် ၀ါဆိုဝါကပ်ပြုခဲ့သည်။ (ပါရာဇိကကဏ္ဍအဋ္ဌကထာ- လာပါဠိကို အနည်းငယ် ချုံ့ကာ ဖေါ်ပြပါသည်)
=============================================
နိုင်ငံရပ်ခြားတွင် သာသနာပြုနေသည့် ဆရာတော်သံဃာတော်များ၏ အခက်အခဲမှာ long visa ရရှိမှု အခက်အခဲပင်ဖြစ်တော့သည်။ မြန်မာပြည်မှ သံဃာတော်များသည် ထို့အတွက် အမြဲတစေ ကြိုးပမ်းရလေသည်။ တခါတလေများ စဉ်းစားမိသည်။ တကယ်လို့များ သူတို့နိုင်ငံမှာ နေထိုင်နိုင်ခွင့် ရခဲ့မည် ဆိုပါလျင် သာသနာပြုရ နေထိုင်ရသည်မှာ ဘယ်လောက်များ တိုးတက်လာလိုက်မလဲလို့ပေါ့။ သို့တည်းမဟုတ် သူတို့နိုင်ငံသားများ ရဟန်းဝတ်နေလျင် ထိုနိုင်ငံမှာ သာသနာများ အတော်ထွန်းကားလိမ့်မပေါ့လို့လေ။
ရှေးတုန်းက မဟိန္ဒမထေရ်က ဒေ၀ါနံပီယတိဿမင်းနှင့် ပြောစကားကို အမှတ်ရမိသည်။ ဘုရင်က သာသနာတည်ပါပြီလားဘုရားလို့ လျောက်တော့ ဒကာတော် ဒီအရပ်မှာ မွေးပြီး ဒီအရပ်မှာ စာသင်ကာ ရဟန်းဖြစ်သူတွေ ပေါ်ထွက်လာမှ သာသနာတော် အမြစ်တည်လိမ့်မည် ဟု မိန့်တော်မူဖူးသည်။ ထိုခေတ်ထိုခါက စည်းမျဉ်းစည်းကမ်း အကြောင်းတွေ စုံစေ့စွာ မသိနိုင်ပေမယ့် ယနေ့ခေတ်ခါနှင့် အလွန်မှပင် ကိုက်ညီနေသည်ကို တွေ့မြင်ရမိပါသဖြင့် ထပ်တိုးအနေဖြင့် မှတ်ချက်ပြုကာ ရေးထားလိုက်ရပေတော့သည်။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist3 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။