Isurumuniya ဆိုသည်မှာ မြို့မြတ်မဟာ၏ ကျော်ကြားသည့်နေရာတခုသာ မဟုတ်ပဲ သမိုင်းဆိုင်ရာ အရတွင်ပါ သာယာကျော်ကြားသည့် ပေါလောနရုဝနဲ့ အနုရာဓပုရမြို့နှစ်မြို့ကြားရှိ နေရာတခုပင်ဖြစ်ပေသည်။
ခရီးသွားဧည့်သည်များနှင့် ဘုရားဖူးများသည် အနုရာဓပုရရှိ Isurumuniya အစ္စုရုမုနိယကို မပျက်မကွက် လာရောက်လေ့ရှိကြသည်။
ထင်ရှားကျော်ကြားသည့် အစ္စုရုမုနိယကို ၁၉ရာစု နှစ်လည်ပိုင်းထိ တောအုပ်ကြီးများက ဖုံးလွှမ်းထားလေသည်။ ၁၈၉၇ ခုနှစ်တွင် နိုင်ငံခြားစာရေးဆရာက သူ၏ ခရီးသွားမှုကို “The ruin cities of Ceylon’’ စိလွန်မြို့ပျက်ကြီး ခေါ်သည့်စာအုပ်တွင် ရေးသားခဲ့သည်။ ရာစုနှစ်နောက်ပိုင်းအလွန်က ဤနေရာဝန်းကျင်သည် မိကျောင်း အများအပြားရှိခဲ့သည်ဟုပင် ထုတ်ဖေါ်ပြောပြကြသည်။ ၁၂၁၃ ခုနှစ်နောက်ပိုင်းတွင် မဃကျူးကျော်ဝင်ရောက်သူတို့ကြောင့် ဆင်ဟာလလူမျိုးများ ကုန်းတွင်းပိုင်း အဝေးကို ၀င်ရောက်နေထိုင်ကြရသည်။ ရာဇရတ (Rajarata)လည်း တောအုပ်ကြီးဖြစ်သွားပြီး တောတိရစ္ဆာန်များ ဆော့ကစားရာ ကစားကွင်းကြီးဖြစ်ခဲ့သည်။ ဒီနေရာသည် အနုရာဓပုရနဲ့ ပေါလောနရုဝခေတ်တွင် အလွန်ထင်ရှားကျော်ကြားပြီး အရေးကြီးသည့်နေရာ တခုတော့ ဖြစ်ခဲ့သည်။
D.M.D.S Wickramasinghe ကမူ ဘီစီအစောပိုင်းက ၀ဿဂီရိ (vassagiriya) နှင့် တူညီသည့် အစ္စုရုမုနိယသို့ ကြွရောက်ခဲ့သည်ဟု စဉ်းစားခဲ့သည်။ သူပြောသလိုပင် မဟာဝံသကျမ်းစာတွင်လည်း အစ္စုရုမုနိယနေရာသည် ဒေ၀ါနံပီယတိဿ (250-210 B.C) အုပ်စိုးစဉ်က ဘုရားကျောင်းတော် ပြုလုပ်ခဲ့သည်ဟု ဆိုလေသည်။ ဘုရင်ဒေ၀ါနံပီယတိဿက ဒီနေရာမှာ မဟိန္ဒမထေရ်လမ်းညွှန်မှုအောက်မှာ နေထိုင်ကြသည့် လူသူတော်စင် ငါးရာနေထိုင်ဖို့ ကျောင်းဆောင် ဆောက်လုပ်ခဲ့သည်။ (မဟာဝံသ - စာပိုဒ် ၂၀ ၁၄-၂၈ ဂါထာ)
ဘုရင် ၀သန်ဂ (Vasanga)သည် A.D. 67- iii အပိုင်းတွင် အစ္စုရုမုနိယ ကျောင်းတော် နေရာကို ''Poho Geyak" ပြုလုပ်ခဲ့သည်။ (မဟာဝံသ နှာ ၃၅၊ ဂါထာ ၈၇)
ဘုရင် ဝေါဟာရိကတိဿသည် A.D 209-231 တွင် အစ္စုရုမုနိယ ပတ်လည်တွင် မြေပိုင်နက် ပြုလုပ်ခဲ့သည်။ (မဟာဝံသ နှာ ၃၆နှင့် ဂါထာ ၃၆)
ကျောင်းတော်တွင် ကြည့်ရှုစရာများ
လူနှင့် မြင်း
Professor Senarath Paranawithana ၏ ကြာမြင့်စွာလေ့လာထားမှုက ဒီပုံစံကို မီးနဲ့ရေကို ကိုယ်စားပြုသည်ဟု ထုတ်ဖေါ်ပြောဆိုလေသည်။ (Artibus Asiae, Vol.XVIPP 167-190)
ရေချိုးဆင်းနေသည့် ဆင်ရုပ်ပုံ
အနုပညာလက်ရာတွေနဲ့ ကျောက်တောင်ခြေရေကန်ရှိ ဆင်ရုပ်များသည် အလုပ်သမားနှင့် ဆိပ်ကမ်းများ ပါဝင်သည်။ မိုးနတ်မင်းအပေါ် ပျော်ရွှင်မှုကို ပြသဖို့ပဲ ဖြစ်ပေသည်။
Isurumuniya - ကျောင်းတော်
ကျောက်သားကိုထွင်းထားသည့် ဘုရားကျောင်းဆောင်
ပကတိကျောက်သားကိုပင် ထွင်းကာ ဆောက်လုပ်ထားသည့်ကျောင်းဆောင်အတွင်းပိုင်း
=======================
လက်ဝဲဘက်ကျောင်းဆောင်တွင်း ပန်းချီကားများမှ ရေစက်ချဟန်
လက်ဝဲဘက်ကျောင်းဆောင်တွင်းမှ ကြည်ညိုဖွယ် ရုပ်ပွားတော်
လက်ဝဲဘက်ကျောင်းဆောင်တွင်းမှ ကြည်ညိုဖွယ် ရုပ်ပွားတော်
=============================
ကျောက်တောင်ပေါ်အတက် လမ်း
တောင်ပေါ်မှ ဖူးခဲ့ရသည့် သံကွန်ခြာအုပ်ထားသည့် ခြေတော်ရာတခု
တောင်ပေါ်က မြင်ကွင်း
ဟိုး အနုရာဓပုရမြို့တော်နဲ့ မဟိန္တလေတောင်တော်ကို လှမ်းမျှော်လိုက်တော့
တောင်ပေါ်မှာ ကျောက်တောင် နှစ်ခုရှိပါတယ်။ ဒါက လက်ဝဲဘက်ကုန်းပါ။ လက်ဝဲဘက်ကုန်းပေါ်မှာ စေတီတော်ရယ် ဒီနေရာလေးရယ်ပေါ့။ ပြီးရင် အောက်ကို ဆင်း။ လက်ယာဘက်ကို သွားပေါ့
ဒါကတော့ လက်ယာဘက်အပိုင်းမှာ မြင်တွေ့ရတာတွေပေါ့
===================
ပြတိုက်ထဲမှာတော့ -
ကျမ်းကိုး- isurumuniya ကျောင်းတော်ရာတွင် ရူပီး ၁၅၀ ဖြင့်ရောင်းချသည့် Isurumuniya စာအုပ်ငယ်
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။