အကောင်းဆုံး လက်ရာ အမြောက်ဆုံး moon-stone ပါ။ အနုရာဓပုရ Bisomaligawa (queen's palace) တွင် ရှိသည်။
Professor paranavitana အလို
(၁) အပြင်ဘက် မီးတောက်မီးလျံ များသည် ဒီလောကကြီးအတွင်း နေထိုင်ကြသူများသည် ပူလောင်နေကြသည် ကို ညွှန်းဆိုသည်။
(၂) တိရစ္ဆာန်လေးကောင် လှည့်နေပုံသည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း (ဇာတိ ဇရာ ဗျာဓိ မရဏ)တို့ကို ညွှန်းဆိုသည်။
(၃) ပန်းလိတ်ပန်းခက်အကြီးစားသည် သတ္တ၀ါတို့ သန္တာန် တဏှာအင်အားကြီးမားခြင်းကို ညွှန်းဆိုသည်။
(၄) ဘဲငန်းများ ကြာပန်းကို ချီလျက် လည်နေပုံသည် မိမိကိုကိုယ်ထိန်းချုပ်နိုင်ခြင်း (self control) ကို ညွှန်းဆိုသည်။
(၅) ပန်းချက် အငယ်စားသည် တဖြေးဖြေးနှင့် တဏှာများ လျော့ပါးလာခြင်းကို ညွှန်းဆိုသည်။
(၆) ကြာပန်းဆိုင်သည် နိဗ္ဗာန်ကို ညွှန်းဆိုသည်။
=====================================
အကောင်းဆုံး guardstone ပါ။ ရတနပါသာဒ (ratanaprasada) တွင်ရှိသည်။
(၁) ထိပ်ဆုံးတွင် မကန်းကောင်များ ပါးစပ်ဟလျက် အချင်းချင်း မျက်နှာမူနေဟန်ကို တွေ့ရမည်။
(၂) နဂါးဦးခေါင်းနှင့် လူပုံသဏ္ဍာန်
(၃) ထိုလူသည် မင်းဝတ်တန်ဆာများကို ၀တ်ဆင်ထားသည်။
(၄) လက်ထဲတွင် မင်္ဂလာပန်းအိုးကို ကိုင်မြှောက်ထားသည်။
(၅) အောက်ခြေတွင် ၀ါမန (သို့) ၀ါဟိရ၀ ခေါ်သည့် ရုပ်တုလေးရှိသည်။
guard stone ကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် ထည့်သွင်းလေ့ရှိကြသည်။ အချို့က အဆောက်အဦးလှပဖို့။ အချို့က လက်ရန်းကို ပွတ်တိုက်ဆင်းလာတာကို ရှေ့ဆက် မပွတ်နိုင်အောင်လို့၊ အချို့က လက်ရန်းကို ကာကွယ်ဖို့ ဆိုပြီး ပြုလုပ်ကြသည်။ သီရိလင်္ကာရှိ ဘုရားစေတီ ကျောင်းဝန်းတိုင်းတွင် ထို guard stone, moonstone, wingstone များကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုအရာသည် သူတို့၏ ရိုးရာ ယဉ်ကျေးမှုများဖြစ်သည်။
ဒါကိုတော့ wing-stone လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ လက်ရန်းပေါ့။
moonstone, guardstone, wingstone အစုံရှိသည့် ရတနပါသာဒကျောင်းတော်နေရာ
ရတနပါသာဒကျောင်းတော် အကြောင်းအရာများ
ယခုခေတ်မှာတော့ ခေတ်မီအဆောက်အဦးများ တည်ဆောက်နေကြသည်။ လူ့စိတ်ဆိုတာကလည်း ဆန်းကျယ်သည်။ ရှေးခေတ်တုန်းက ဘယ်လိုများ ရှိပေမလဲလို့ တွေးတောမိတတ်ကြသည်။ ပြီးတော့ တကူးတက သွားကြည့်တတ်ကြသည်။ အဓိပ္ပါယ်သိပြီး ကြည့်တတ်ရင်တော့ ပိုပြီး အရသာရှိမည်။ ယခုတင်နေဆဲ ဓာတ်ပုံများသည် ဟိုရှေးခေတ်ကတည်းက တည်ဆောက်ထားသည့် ပုံများဖြစ်သည်။ ဘုရားစေတီများကတော့ ပြန်လည်ပြုပြင်ထားသည်သာ ဖြစ်သည်။ ကျောက်တုံးများကို ထုဆစ်ပုံဖေါ်ထားခြင်းကြောင့် ယနေ့တိုင် မြင်တွေ့နိုင်ခြင်းဖြစ်သည်။ ကျောက်တုံးများကိုလည်း သေချာကျနစွာ အပျောက်အမွန်းများ ခြယ်သထားသဖြင့်လည်း ကြည့်ရှုသူများကို ပိုပြီး ဆွဲဆောင်နိုင်သည်ကို တွေ့ရပေလိမ့်မည်။
ဗဟုဿုတ တိုးပွားကြပါစေ-
အရှင်တေဇနိယာလင်္ကာရ (ခေတ္တ-ကိုလံဘို)
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Melbourne near me Trusted Removalist5 months ago
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။11 years ago
-
-
-
-
-
-
-

စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM

FREE TALK
ဧည့်မှတ်တမ်း
.jpg)

သွားလည်ကြပါ
နည်းပညာဆိုက်များ

*ပဓာန နာယက ဆရာတော်*

တိုက်အုပ် နာယက ဆရာတော်
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။