ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။



Nuwala Eliya မြို့လေးကို တခေါက်ရောက်သွားတော့လည်း တသွင်ဆန်းသစ်နေပြန်သည်။ တောင်ပေါ်က ကျောင်းဆောင်မှာ တည်းခိုဖြစ်တော့ ဆရာတော်နှင့် ရင်းနှီးခွင့်ရသည်။ ထိုမှ တဆင့် ဆရာတော်၏ ဖွေရွှေမှု လိုက်လျောညီထွေစွာ နေထိုင်တတ်မှုတို့ကြောင့် ဘာသာခြားတို့ ကျောင်းများကိုပါ လေ့လာခွင့်ရခဲ့သည်။ ပထမဦးစွာ သွားဖြစ်ခဲ့သည်က church ကျောင်းဖြစ်သည်။ father ဖြစ်သူက အားလုံးလိုက်လံ ရှင်းပြသည်။ သူတို့ဘုရားရှိခိုးကျောင်း ရပ်တည်နိုင်ခြင်း အဓိကလုပ်ငန်းကတော့ Gem - ယိုစုံ လုပ်ငန်းဖြစ်သည်ဆိုပြီး လုပ်ငန်းစဉ်များကို လိုက်လံပြသသည်။ သူသည် ဗုဒ္ဓဖီလော်ဆော်ဖီဖြင့် ဒီပလိုမာ ရခဲ့သူဖြစ်သည်လို့လည်း သိခဲ့ရသည်။ သူ့အကြောင်းကိုမေး ကိုယ့်အကြောင်းသူမေးဖြင့်ပင် စကားဝိုင်းလေးက ပြီးဆုံးခဲ့သည်။

ထို့နောက် ဆက်လေ့လာဖြစ်ခဲ့သည်ကတော့ mosque ဗလီကျောင်းဖြစ်သည်။ ထိုကျောင်းအုပ်ဆရာသည် လည်း ဖေါ်ရွှေမှုရှိပြီး ပွင့်လင်းမှုကတော့ ချက်ကြောင်းဆရာလောက် မရှိပေ။ သို့ပေမယ့် ဗလီကျောင်း အထက်ရော အောက်ရော လည့်ပတ်သွားလာခွင့်ရသည်။ စာအုပ်များစွာကို လှန်လှောကြည့်ခွင့်ရခဲ့သည်။ ဆွေးနွေးမှုကတော့ ဆင်ဟာလလိုပဲ ဆွေးနွေး ပြောဆိုနေကြခြင်းဖြစ်လို့ ကိုယ့်အနေနဲ့ကတော့ ဘာမှ မထူးလှ။

ရရှိခဲ့တဲ့ အသိညာဏ်ကတော့ (သို့) တွေးမိတာလေးတွေက-
“သာသနာပြု အောင်မြင်မှု မအောင်မြင်မှုက အလုပ်လုပ်မှုနဲ့ သက်ဆိုင်သည်။ ဘုရားဝတ်ပြုချိန်တွင် လူရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ၀တ်ပြုလုပ်ဆောင်နေရမည်။ သူတပါးကို ကူညီခြင်း ဖေးမသည် သာသနာပြုရာတွင် အထိရောက်ဆုံး လုပ်ငန်းတခုဖြစ်သည် (ထိုအတွက်တော့ စိတ်ရှည် ဇွဲရှိဖို့တော့ လိုသည်)”
“လူတိုင်း ကိုယ်ယုံကြည်ရာကို ကိုးကွယ်ကြသည်။ သူ့ဘာသာကို ကိုယ်က မှားပါတယ်လို့ သူ့ကို သွားပြောလို့ မရသလို ကိုယ့်ဘာသာကို မှားပါတယ်လို့ လာပြောလည်း ကိုယ်က လက်ခံမိမှာ မဟုတ်”
“လူသားတွေကို ခွဲခြားထားတာက ဘာသာရေး ဆိုပေမယ့် လူတို့ ကိုးကွယ်ရာသည်လည်း ဘာသာရေးပင် ဖြစ်သည်”
“ငြင်းခုန်ခြင်းဖြင့် အေးဆေးစွာ နေထိုင်ခွင့် မရနိုင်ပဲ သည်းခံစိတ်မွေးကာ ဆွေးနွေးခြင်းကသာ အကောင်းဘက်ကို ဦးတည်စေသည်” တို့ဖြစ်သည်။
“ယခုလို ကိုယ်က သူ့ဘာသာဘက်ကို သွားရောက်လေ့လာ ပြောဆိုသလို တနေ့တွင် ကိုယ့်သာသနာကို တနေ့ သူတို့က လာမေးမြန်းလိမ့်မည်။ လာစုံစမ်းလိမ့်မည်။ အဲဒီနေ့တွေမှာ ကိုယ်က ဘာကို ထုတ်ပြမလဲ။ သူသဘောကျသွားအောင် ဘာတွေ ပြင်ဆင်ထားသင့်သလဲ” ဆိုတာတွေပဲ ဖြစ်သည်။ မနှစ်က ထိုင်းလေဆိပ်မှာ မိမိကို နိုင်ငံခြားသားတဦးက မေးခွန်းတွေ မေးဖူးသည်။ ထိုမေးခွန်းလေးတွေက ''what is Buddhism?" "Why do you believe Buddhism?" တို့ဖြစ်သည်။ ကိုယ်လည်း မတတ်တတတ် အင်္ဂလိပ်နဲ့ ပြောပြ ရှင်းပြခဲ့သော်လည်း သူ့အတွက် ကျေနပ်စရာ အဖြေဖြစ်မသွားခဲ့သည်ကတော့ သူ့မျက်နှာက သက်သေပြနေသည်။ ထို့ကြောင့် အဖြေတောင်းသူကို အဖြေကောင်း ပေးနိုင်ဖို့ လိုအပ်လိမ့်မည်ဟု ထင်မြင်မိပါသည်။ ဒါနဲ့စပ်ပြီး နောက်တွင် ကျွန်ုပ်၏ လုပ်ခဲ့သော်လည်း မအောင်မြင်သော လုပ်ငန်းများကို အချိန်ရလျင် ရေးပါဦးမည်။ ၀ံခံရသော် ကျွန်ုပ်သည် လူညံ့တယောက်သာ ဖြစ်သည်။