ဒီနေ့ကတော့ 9 9 09 ဆိုတော့ ထူးခြားတဲ့နေ့လေးတနေ့ပေါ့။
ရေးချင်စိတ်ပြင်းပြနေတာနဲ့ မရှိရှိတာ ရေးတင်လိုက်ပါကြောင်း-
သီရိလင်္ကာ တော်သလင်းလပြည့်နေ့
ဘုရားကျောင်းဝင်းအတွင်းမှာ နေခြည်ဖြာချိန်ကစပြီး အဖြူရောင်တွေ ဖွေးဖွေးလှုပ်လျက် သဲအပြည့်ခင်း မြေပြင်ကို ဖွဖွနင်းရင်း ဓမ္မသာလာဆီ ချီတက်နေကြသည်ကို တွေ့ရပါသည်။ မည်မျှ ကြွဝချမ်းသာတဲ့ ကျောင်းတိုက်ဖြစ်ပါစေ- ဘုရားကျောင်းဝင်းမှာတော့ သဲခင်းပြီး တံမျက်စည်း လှဲရာလေးတွေက အုန်းလက်ဆန် သဖွယ် လှဲထားတာချည်းပါပဲ။ ပါဠိတွေ အဋ္ဌကထာတွေထဲမှာ တွေ့တွေ့နေရတဲ့ အဋ္ဌကရိသမတ္တံ သမတလံ ကတွာ ၀ါလုကံ သြကိရာပေတွာ(အံဌ ၁-၁၁၉) ဆိုတာတွေက အခုထိ ယဉ်ကျေးမှု တခုအဖြစ်တည်နေဆဲပေါ့။ အဖြူရောင်ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ သင်္ကေတတခုပါ ဟု သူတို့ကိုမေးကြည့်တိုင်းလည်း ၀ံ့ကြွားစွာ ပြန်ပြောတတ်ကြတယ်။ ဘုရားလက်ထက်ကတော့ ``ဂီဟီ သြဒါတ၀တ္ထ၀သနော တထာဂတံ ပါဏုပေတာ သရဏံ ဂတာ`` အဖြူရောင် ၀တ်ထားတဲ့ လူဝတ်ကြောင်တွေက ဘုရားရှင်ကို အသက်တမျှ ဆည်းကပ်ကြသည် လို့ (အံ ပဉ္စက)ဆိုထားလေရဲ့။ မိမိတို့ မြန်မာပြည်မှာတော့ ယခုလို ဥပုသ်နေ့မျိုးဆိုလျင်တော့ အညိုခံ ပုဆိုးထဘီ အဖြူရောင်အင်္ကျိနဲ့ပေါ့။ တကျောင်းတဂါထာ တရွာတပုဒ်ဆန်း သူ့ယဉ်ကျေးမှုနဲ့ သူ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ်ပါပဲ။ မိဘဖြစ်သူများက ဘာသာရေးအမွေ လက်ဆင့်ကမ်းဖို့ ရင်သွေးများကို ခေါ်ဆောင်လာတာကိုလည်း မြင်မိတော့ ပီတိလည်း ဖြစ်မိတယ်လေ။ ငြင်သာစွာ အသံရှည်ဆွဲ ရွတ်ဆိုသည့် ဓမ္မကထိဆရာတော် အသံကလည်း အဆင်ပြေစွာ တနေရာရာက တရားနာသူတွေကို ရင်အေးစေသည်မှာ နားမလည်ပဲ ရပ်ကြည့်နေသည့် မိမိဆီထိပင်။
နေ့ ၁၀ နာရီခွဲခန့်မှာတော့ သွေးလှူလိုသူတွေအတွက် srivatha royal collage အတွင်းမှာ ကျန်းမာရေး ဌာနက လာရောက်အလှူခံတဲ့ သွေးလှူခံဌာနမှာ မိမိသွေးစစ်မှန်ကြောင်းကို ဖေါင်ဖြည့် သွေးစစ် လက်မှတ်ထိုးနဲ့ လိုအပ်သူတွေအတွက် လှူလိုက်တယ်။ သွေးပိုက်ဖြုတ် အပြီးမှာ ကျေးဇူးတင်ပါတယ်လို့ နှုတ်ကလည်း ပြော ပန်းတပွင့်ကမ်းနဲ့ ပြုံးချိုတဲ့ နှုတ်ဆက်သံကို ကြားလိုက်ရပြီး နို့အေးနဲ့ မုန့်ကို အ၀စားဖို့ ထပ်ဖိတ်မာန်နေပါတယ်။ ပြီးတော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် ပြန်ပေါ့။ ဒီလိုနဲ့ အေးဆေးဆေး အားလုံးကို ငေးကြည့်နေမိတာ ကလေးလက်ကို ဆွဲပြီးတော့ မိဘတွေက သွေးလှူနေကြတာ တွေ့ရသလို လူပျို အပျို လူတန်းစား အလွှာလွှာကလည်း လာလှူကြတာတွေ့ရတယ်။ မိဘတွေဟာ ကိုယ့်သားသမီး သွေးလွန်တုပ်ကွေး ဖြစ်တော့ သူများဆီက သွေးလိုချင်ကြသလို သူတို့ကိုယ်တိုင်လည်း သူတပါး အတွက် မိမိသွေးကို ထုတ်လှူဖို့ ၀န်မလေးကြပါလားလို့ပေါ့။ နောက်တော့ အပြန်လမ်းမှာ ပန်းကလေးတွေ လက်ကကိုင်လို့ လမ်းသွားနေသူကို ငေးကြည့်တော့ ကိုယ့်လက်ထဲက ပန်းပွင့်က ဆွဲဆိတ်တယ် - မင့်လည်း ဒီနေ့ သွေးလှူခဲ့တာပဲ -တဲ့
စာတန်ခိုး
|
ဘုရားဝတ်ပြုခြင်း
ကျောင်းဓာတ်ပုံများ
ဗုဒ္ဓ FM Radio
Buddha FM
FREE TALK
ဧည့်မှတ်တမ်း
သွားလည်ကြပါ
နည်းပညာဆိုက်များ
လေဘေးကုသိုလ်
ရေးပြီး posts
About Me
ရေးသူရဲ့လိပ်စာ
ashintejaniyalankara
@gmail.com
@gmail.com
စာအုပ်လင့်များ
စာအုပ်စာပေ
Burmese font converter
ဓာတ်ပုံပေါ် Click တချက်ထောက်ပြီး ပုံကြီးအဖြစ် မြင်တွေ့နိုင်ပါသည်။ ဘလော့အား http://smnk.tk/ လိပ်စာဖြင့် ဖွင့်ပါက မြန်ဆန်ပါသည်။